Magway News

Magway News

ပခုက္ကူ – မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီးကြောင်းနှင့် စစ်တပ်က လေကြောင့်ဖြင့် မြို့စိုးကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း -မြိုင်ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းစက်ရုံအနီး မြို့စိုးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကမ္မမြို့၊ ဂျိုးပျံရပ် ကွက်အတွင်းသို့ ရောက်ရှိနေသော စစ်တပ်က စစ်ကြောင်းကလည်း မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကမ္မ -ရေပြာ -ပေါက်လမ်းပိုင်းအတိုင်း ဆက်လက်ထွက်ခွာနေပြီဖြစ် ကြောင်း၊ ယင်းစစ်ကြောင်းသည် အင်အား ၁၀၀၀ ကျော်အသုံးပြုထားပြီး ယာဉ်တန်းမှာ ယာဉ်အစီး ရေ ၉၂ စီးပါရှိကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီဝန်းကျင်လောက်က ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းစက်ရုံနားက မြို့စိုးကျေးရွာ ဘုန်း ကြီးကျောင်းပေါ်ကို လေယာဉ်နဲ့ ဗုံကျဲ သွားတာ၊ ကျောင်းထိုင်ဘုန်းကြီးနဲ့ ပြည်သူ ၃ ဦး ထိခိုက် ဒဏ် ရာ ရတယ်။ မစိုးရိမ် ရဘူး။ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်။ စစ်ကြောင်း က ပခုက္ကူကနေ အရမ်းကြီးမဝေးသေး ဘူး ။ မြိုင်လမ်းပိုင်းထွက်လာနေတာပါ၊ ဘယ်ကိုသွားဖို့လည်း တော့ သေချာမသိရသေးဘူး။ အခု အတိုင်းဆိုရင် မြိုင်ဘက်ကို ထွက်လာနေတာ၊ နောက်ထပ် အင် အားထပ်ဖြည့်တိုးနေတာတွေလည်း ရှိတယ်။” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့နှင့် စစ်ကြောင်းထိုးရာလမ်းကြောင်းပေါ်ရှိ ကျေး ရွာနေပြည်သူများထောင်ချီ စစ်ဘေးရှောင်နေကြရပြီး စစ်သားများက ထွက်ပြေးတိမ်းရှောင်နေကြ ရသည့် ပြည်သူလူထုပိုင်နေအိမ်များကို ဖောက်ထွင်းခိုးယူလျက်ရှိကြောင်း သိရသည်။

 

“တိုက်ပွဲကတော့ ကြီးကြီးမားမားဖြစ်တာ မကြားမိသေးဘူး။ လက်ရှိ ရှေ့ပြေးစစ်ကြောင်းက သာကြီး တောင်ရေနံမြေဘက်ရောက်နေပြီ။ အဲဒီဘက်ရောက်နေတာ ၂ ရက်လောက်ရှိပြီ။ ကမ္မမြို့ပေါ်က‌ တော့ စစ်ဘေးရှောင်နေရတာ ရက် ၂၀ လောက်ရှိပြီ။ တစ်ချို့မပြေးပဲနေကြတဲ့သူတွေလည်းရှိသေး တယ်။ စစ်ကြောင်းသွားမယ့် လမ်းကြောင်းနေ မိဘပြည်သူတွေ၊ ပျူရွာတွေအနီးအနားမှာနေထိုင်ကြ ရတဲ့ မိဘပြည်သူတွေ၊ ကပစ စက်ရုံအနီးအနားကျေးရွာနေ ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်း ကို အမြဲနားစွင့်ပြီး အထူးသတိထားပြင်ဆင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု အညာမြေ အရပ်ဖက် လူ မှု အဖွဲ့အစည်း -မြိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ = ယမန်နေ့ ဇွန်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာကို စစ် တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှု

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...