Magway News

Magway News

ပခုက္ကူ – ရေစကြိုလမ်းလမ်းပိုင်တွင် ပျူခေါင်းဆောင်ပိုင် ဘိဘပ်မြေကားတစ်စီးနှင့် စစ်တပ်ပိုင် ဆီပုံး များကို ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် ပျူခေါင်းဆောင်ပိုင် ဘိလပ်မြေ ကား တစ်စီးနှင့် စစ်ကောင်စီပိုင် ဆီပုံးများကို ဖမ်းဆီးထားကြောင်း Southern YSO PDF တပ်ဖွဲ့ ထံမှ သိရသည်။

 

ဇွန်လ ၂၃ ရက် ညနေ ၃ နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်း ထင် ၏ ဘိလပ်မြေသယ်ကားတစ်စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အလားတူ ရေစကြိုမြို့၊ စုပေါင်းရုံးမှ စားဆီ ၁၀ ပိဿာ ဝင်ဆန့် ဆီပုံး ၁၀၀ ကို ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဖမ်းမိခဲ့တာ၊ ၂၃ ရက်နေ့ညနေပိုင်းမှာ သတင်းအနံ့ရတာနဲ့ ဘိလပ်မြေ ကားကို တက်သိမ်းလိုက်တာ၊ တချိန်တည်းမှာပဲ ရုံးပေါင်းစုံက ဆီကား ရောတစ်ခါတည်းတန်းမိတာ၊ ကားသမားတွေကတော့ ဖမ်းထားတာမရှိဘူး။ အကုန်ပြန်လွှတ်ပေးလိုက်ပါတယ်။ လက်ရှိ ဘိလပ်မြေ ကားကတော့ ထိန်းသိမ်းထားတယ်။ ဆီးကားကတော့ လိုင်းကားဖြစ်တဲ့အတွက် ပြန်လွှတ်ပေးလိုက် တယ်။ ဘိလပ်ကားတစ်ခုပဲ ထိန်းသိမ်းထးတာ၊ နည်းနည်းအချက်အလက် စစ်ဆေးစရာရှိသေးလို့၊”ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ကြားသည်။

 

ထိုသို့ ဘိလပ်မြေအိတ်များ သယ်နိုင်ရန် ဆင်ချောင်းကျေးရွာ ပျူစောထီးခေါင်းဆောင် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး လင်းထင်က ရွာဦးစေတီပြုပြင်ရန်ဟု အကြောင်းပြထားသော်လည်း ၎င်း၏ တပည့်ဖြစ်သူ ပျူစောထီး တင်မိုး၏ နေအိမ်ဆောက်လုပ်ရန်အတွက်ဖြစ်ကြောင်း၊ ပျူစောထီး တင်မိုး မှာ ဂွေးချိုရွာ ပျူစောထီးတစ်ဦးဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆင်ချောင်းရွာ သို့ ထွက်ပြေးသွားကာ နေအိမ်ဆောက်၍ နေထိုင်သူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - မြိုင်လမ်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍ အင်အား ထောင်ချီဖြင့် စစ်ကြောင်းထိုး၊ ပြည်သူများထောင်ချီ ထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်း လေယာဉ်ဖြင့် ဗုံးကျဲခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅     မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ -မြိုင်လမ်းပိုင်းတွင် စစ်တပ်က လေကြောင်းပစ်ကူယူ၍...