Magway News

Magway News

ထီးလင်းမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦးထွက်ပြေးလွတ်မြောက်၊ ထွက်ပြေးလာစဉ် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတစ်ဦး ကျ ဆုံး၊ အချုပ်သားထွက်ပြေးမှုနှင့်ပတ်သက်၍ စစ်တပ်က ရိုက်နှက်နှိပ်စက်မှုကြောင့် ရဲ ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၅

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းအချုပ်တွင် ဖမ်းဆီးခံထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ထွက်ပြေးလာစဉ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိ ကာ နိုင်ငံရေးအကျဉ်းသူတစ်ဦး ကျဆုံးခဲ့ကြောင်း YRA ထီးလင်းနှင့် ယောအလင်းတန်းတို့ထံမှ သိရ သည်။

 

ဇွန်လ ၁၇ ရက် ညပိုင်းက ထီးလင်းမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်း သား ၁၃ ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ ထို့သို့ ထွက်ပြေးလာစဉ် အသက် ၅၀ ကျော် အ ရွယ် နိုင်ငံရေးအကျဉ်းသူအပါအဝင် ၅ ဦးမှ လမ်း၌ နင်းမိုင်းမိကာ အမျိုးသမီးဖြစ်သူမှာ ကျဆုံးခဲ့ ပြီး ကျန် ၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကို သွားပြီး ကြိဆိုတယ်။ ကျဆုံးသွားတဲ့ နိုင်/ကျဉ်းအမျိုးသမီး ကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်။ ကျန်တဲ့သူတွေကို ခေါ်လာပြီးတော့ ဆေးကုပေးထားတယ်။ အခုတော့ သူတို့သွားလိုတဲ့နေရာတွေကို ပို့ဆောင်ပေးနေပါပြီ။ မိုင်း ထိတာက သူတို့အုပ်စုက ၅ ယောက် အုပ်စု၊ ၅ ယောက်အုပ်စုမှာ ကျန်တဲ့ ၄ ဦး ဒဏ်ရာရတယ်။ ဒါပေမယ့် သာမန်ပွန်းရာပဲ့ရာ လောက်ပဲ၊ အမျိုးသမီးကတော့ တည့်တည့်နင်းမိလို့ ကျဆုံးသွားရတာ၊ မိုင်းက ဘယ်လိုအမျိုးအစား လည်း မသိရဘူး။ မြို့ပြင်မှာ ထောင်ထားတဲ့ မိုင်းပဲ၊” ဟု YRA ထီးလင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

မိုင်းနင်းမိပြီးကျဆုံသွားသော နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး၏ ရုပ်အလောင်းကို YRA ထီးလင်းတပ် ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကောက်ယူကာ ဇွန်လ ၁၈ ရက်နေ့တွင် ကောင်းမွန် စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း၊ အလားတူ ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း လွတ်မြောက်နယ်မြေရှိ ဆေးခန်းတစ်ခုသို့ ပို့ဆောင်ကာ ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

ထီးလင်းမြို့မရဲစခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကို‌ ထောက်ပို့လုပ်သည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ပြီး အမှုစစ်ခြင်း၊ တရားစွဲဆိုခြင်းမရှိပဲ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံရေးအကျဉ်းသားများထွက်ပြေးလွတ်မြောက်မှုနှင့်ပတ်သက်၍ အချုပ်စောင့်ရဲများကို စစ် တပ်က ဖမ်းဆီးနှိပ်စက်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားသည်ကို သိသိချင်း ထီးလင်းမြို့၌ တာဝန်ကျ နေသော စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူး ထိန်းလင်းက ထီးလင်းမြို့မရဲစခန်းသို့ ရောက်ရှိလာကာ ရဲတပ်ဖွဲ့ဝင်များအားလုံးကို ခေါ်ယူပြီး ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ရာ ရဲတပ်ကြပ် မြင့်အောင်နှင့် ရဲတပ် ကြပ်‌ ကျော်ဆန်းထွေးတို့နှစ်ဦးသေဆုံးသွားကြောင်း၊ ထို့အပြင် ရဲတပ်သား ၃ ဦးကိုလည်း အချုပ်ချ ကာ ရိုက်နှက်စစ်ဆေးနေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူ - ရေစကြိုလမ်းလမ်းပိုင်တွင် ပျူခေါင်းဆောင်ပိုင် ဘိဘပ်မြေကားတစ်စီးနှင့် စစ်တပ်ပိုင် ဆီပုံး များကို ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၅   မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် ပျူခေါင်းဆောင်ပိုင် ဘိလပ်မြေ ကား တစ်စီးနှင့် စစ်ကောင်စီပိုင် ဆီပုံးများကို ဖမ်းဆီးထားကြောင်း Southern...