ပုသိမ် -မုံရွာလမ်းပေါ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂၃
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထိုးစစ်ဆင် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။
ဇွန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် စလင်းမြို့နယ်၊ ကံပြားကျေးရွာဘက်မှ တင့်ကား ၄ စီး၊ စစ် သား အင်အား ၂၀၀ ကျော်ဖြင့် ပုသိမ် -မုံရွာလမ်းပိုင်းသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ် တစ်ဦးအပါအဝင် ၃ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် တင့်ကားများအပါအဝင် စစ်တပ် စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်တော့ ပဲ ကံပြားကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့အပြင် ခြေလျင် စစ်ကြောင်းမှာလည်း ပုသိမ်-မုံရွာ လမ်းပေါ်၌ မိုင်းအကြိမ်ကြိမ်ထိနေ့သောကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် တောလမ်း အတိုင်း ထပ်မံ စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ ထပ်မံစစ်ကြောင်းထိုးလာသည့် ခြေလျင်စစ်ကြောင်းကို ခင်ပလူရွာသို့ အရောက် တော်လှန်ရေး အဖွဲ့များက ခုခံပိတ်ဆို့ တိုက်ခိုက်ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာ သွားကြောင်း၊ ဇွန်လ ၁၇ ရက် နေ့တွင်လည်း ပိတ်ဆည်ကျေးရွာအတွင်းသို့ ထပ်မံ၀င်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်သားများသည် ပိတ်ဆည်ကျေးရွာမှ နေအိမ်များကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း၊ တိုက်ပွဲကာလ ၅ ရက်အကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ဒေါင်းညီနောင် မြို့ပြပျောက်ကြားအဖွဲ့ ၊ အ မှတ် ၅ တပ်ရင်း Droneတပ်ဖွဲ့၊ စလင်းမြို့နယ် (ပကဖ)၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူး ခရိုင် (ပကဖ) ၊ဒေါင်းစစ်အောင် LPDF ၊ SLN LPDF ၊ ဗမာ့တပ်တော် ၊ ပေါက်တောင်ပိုင်း ဆေးတပ်ဖွဲ့ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media