Magway News

Magway News

ရေနံချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံး၊ စစ်သားများက ကျေးရွာနှစ်ရွာ ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက် ဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၇ ရက်နေ့က မကွေးအခြေစိုက် တပ်မ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ မှ အကြမ်းဖက်စစ်သား များသည် ကျောက်ပန်းတောင်းမြို့နယ်၊ စည်ပင်ပျူရွာမှ ပျူစောထီးများပူးပေါင်းကာ အင်အား ၁၅၀ ခန့်ဖြင့် ရေနံချောင်းမြို့နယ်၊ သားကူးကန်ကျေးရွာ ၊ ဖိုးကိုးလမ်းမှ တဆင့် ဝင်ရောက်လာသော ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ကအထိ ရက် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လွန်ပင်ရှိုကျေးရွာမှအပြစ်မဲ့ ပြည်သူ ၁ ဦး အင်တော ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦး တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ကံသာ(ရွာသစ်) ကျေးရွာနှင့် လွန်ပင် ရှိုကျေးရွာမှ တို့မှ ပြည်သူ့ နေအိမ် နှစ်ရွာပေါင်း ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

“ဇွန်လ ၁၆ ရက်နေ့မှ ကုန်းအိုင်၊ ဖောင်းကွဲလမ်းကနေ ပြန်ထွက်သွားတာ၊ မကွေးအခြေစိုက် တပ်မ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ တပ်နဲ့ ကျောက်ပန်းတောင်း၊ စည်ပင်ရွာက ပျူတွေပေါင်းပြီး ဝင်လာလို့ တိုက်ပွဲဖြစ်တာပါ၊ မေလ ၂၇ ရက်နေ့စဝင်တဲ့အချိန်ကစပြီး ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်၊ ရက် ၂၀ ကြာတိုက်ပွဲအတွင်း စခ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရရှိပါတယ်” ဟု ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Tamar Myay Special Column၊Yenanthar Columnနှင့် အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မလှိုင်မြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီးကို PDF ရဲမေများက ဖမ်းဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင် တစ်ဆိုင်၌ အရက်သောက်နေသော တပ်ကြပ်ကြီး ၁ ဦး ကို PDF ရဲမေများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေး...