Magway News

Magway News

ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်မိ ၊ နတ်ရေကန်ဗျူစခန်းမှထွက်ပြေးလာသော စစ်သား ၁၄ ဦးအရှင်မိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၂

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့်အတူ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် -အရှိုထံမှ သိရသည်။

 

ဇွန်လ ၂၀ ရက် နံနက် ၇ နာရီ ၂၅ မိနစ်က ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း)၏ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီ ကာကင်းစခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်ခန့်အကြာဖြစ်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ကျန်စစ်သားအများအပြားဒဏ်ရာရရှိကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA အမျိုးအစား လက်နက်ငယ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လူ့ဘောင်သစ်တပ်မတော် (NSA)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းကာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF – Asho မှ တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက် ရေး လုပ်ဆောင်နေစဉ် နတ်ရေကန် ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦး ကို  MA3 အမျိုးအစား သေနတ် ၁ လက်၊ လက်နက်ခဲယမ်းအချို့နှင့်အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း ချင်း ကာကွယ်ရေးတပ် – အရှိုက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...