Magway News

Magway News

စလင်းမြို့ပေါ်ရှိ စစ်ကောင်စီ ထောက်တိုင် ထွေအုပ်ရုံး၊ စည်ပင်ရုံးနှင့် ပြန်/ဆက်ရုံးနှင့် မီးသတ်ရုံး တို့ကို မိုင်းခွဲ တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၁

 

မကွေးတိုင်း၊ စလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ် ထောက်တိုင် ထွေအုပ်ရုံး၊ စည်ပင်ရုံး ၊ ပြန်/ ဆက် ရုံးနှင့် မီးသတ်ရုံးတို့ကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဗမာ့တပ်တော် -BA က ထုတ်ပြန် သည်။

 

ဇွန်လ ၁၉ ရက် နေ့က စလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထောက်တိုင် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးနှင့် စည်ပင်ရုံးတို့ကို ဖျက်အားပြင်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၁၈ ရက် နေ့ကလည်း စလင်းမြို့ပေါ်ရှိ စစ်ကောင်စီထောက်တိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံး၊ မီးသတ်ရုံးတို့ကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ် ပြည့်မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို ဗမာ့တပ်တော် (BAMAR ARMY)၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့(SPMNF) နှင့် စလင်းမြို့ပြ UG ကျားပေါက်အဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ အကြမ်းဖက်စစ်ကောင်စီဌာနချုပ် ရုံးစိုက်ရာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက် လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာရီ...