Magway News

Magway News

ဆောမြို့တွင်းတနေရာကို စစ်တပ်ကလေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု လူနေတဲတစ်လုံးနှင့် ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၁

 

မကွေးတိုင်း၊ ဆောမြို့တွင်း၊ ပြင်ချောက်နားနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ လူနေတဲတစ်လုံးနှင့် ဆီပေပါအလုံး ၈၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၆ နာရီ ၃၅ မိနစ်က ဆောမြို့တွင်း ပြင်ချောက်နားနေရာကို စစ်ကောင်စီ ၏ တံတားဦးလေတပ်မှ တက်လာသော Y12 ထောက်ပို့လေ ယာဉ်တစ်စီးဖြင့် ဗုံးသီး ၃ လုံးကျဲ တိုက် ခိုက်ခဲ့ရာ ဆီပေပါများ သိုလှောင်ထားသည့် ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲပြီး လူနေတဲ တစ်လုံးနှင့် ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်းပြာကျသွားကြောင်း သိရသည်။

“ဆောမြို့တွင်း နယ်နမိတ်ထဲနေရာပဲ၊ ဒေသအခေါ်ကတော့ ပြင်ချောက်နားလို့ ပြောလို့ရတယ်။ ဘာ တိုက်ပွဲမှမရှိပဲနဲ့ ကျဲချသွားတာပါ၊ အိမ်တွေက မီးကူးစက်တာမရှိပါဘူး။ ခြံထဲမှာ ယာယီဆောက်ထား တဲ့ တဲတစ်လုံးနဲ့ ဆီပေပါတွေ မီးလောင်သွားတာပါ၊ ဆီပေပါက ၈၀ ကျော်လောက်ရှိမယ်။ တခြား နေအိမ်တွေ‌ လောင်တာမရှိပါဘူး။ တစ်ကြိမ် ထဲ ၃ လုံးချသွားတာ၊ လူထိခိုက်မှုကတော့မရှိပါဘူး။” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောကြားသည်။

 

ထို့အပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်ဘက်ခြမ်းကို ယင်း Y12 ထောက်ပို့လေယာဉ်ပေါ်မှ ၁၀ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပေ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နှင့် ကျောက်ထုတပ်တို့ထဲမှ ထွက်ပြေးလာ ပြည်သူလူထုကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် သည့် တပ်ကြပ် ကြီး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ အောက်တိုဘာလ...