Magway News

Magway News

ထီးလင်းမြို့နယ်အရှေ့ခြမ်းပုံတောင် တောင်ကြောပေါ်တနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ် တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အရှေ့တောင်ခြမ်း ပုံတောင်တောင်ပေါ်တနေရာကို စစ်တပ်က တိုက် ပွဲဖြစ် ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က ထီးလင်းမြို့နယ် အရှေ့တောင်ခြမ်း ပုံတောင်‌‌ တောင် ပေါ် တနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက် လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးအခြေအနေ သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ တစ်လုံးထဲချသွားတာပါ။ ရွာထဲကျဲချတာမဟုတ်တဲ့အတွက် ထိခိုက် ပျက် စီး မှုခြေအနေတော့ မသိရသေးပါဘူး။” ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေထိုင် ရာကျေးရွာ၊ ဘုန်း ကြီးကျောင်းများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်း ရန် ကာကွယ်နိုင်ရေး အထူးဂရုပြုနေထိုင်ပေးကြရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...