Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ဇွန်လ ၁၁ ရက်နေ့က ရေနံချောင်းမြို့မှ ထွက်လာသော ခလရ ၈၈ ၊ ခလရ ၇၇ ၊ ခလရ ၁၃ ပူးပေါင်း စစ်ကြောင်းသည် စခန်းကန်အုပ်စု၊ ကံသာရွာသစ်ကျေးရွာကို ဝင်ရောက်ပြီး ၃ ညအိပ်တပ်စွဲကာ ပြည် သူ့နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့နောက် မကျည်းကန်အုပ်စု၊ လုံချို ကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

“အခုဝင်လာတဲ့ စစ်ကြောင်းကလည်း စခန်းကန်အုပ်စု ကန်သာရွာသစ်ကျေးရွာကို အနည်းဆုံးနေအိမ် ၁၀ လုံးဝန်းကျင်လောက်ရှိမယ်၊ မီးရှို့ဖျက်ဆီးထားတာ၊ နေအိမ် ၁၀ လုံးဆိုတာခန့်မှန်းခြေပေါ့၊ သူတို့ နေခဲ့တဲ့ ၃ ညအိပ် ၄ ရက်အတွင်း နေ့တိုင်းလိုမီးရှို့တာပေါ၊ ကံသာရွာသစ်ကနေ ထွက်လာတဲ့နေ့မှာ လည်း ထပ်ပြီးမီးရှို့ခဲ့သေးတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အလားတူ ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့ကလည်း ရေနံချောင်းမြို့နယ်၊ မကျည်းကန်အုပ်စု၊ လုံချိုကျေး ရွာကို ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး နေ အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ အလားတူ အင်တောအုပ်စု၊ အင်တောကျေးရွာကိုဆက် လက်ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

 

ရေနံချောင်းမြို့နယ်အတွင်းတွင်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၁၀ ထက်မနည်း ပြည်သူများမှာ မိုးထဲ၊ ရေထဲ အရေးပေါ်စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်နေရသည်မှာ ကာလ ကြာမြင့်လာပြီဖြစ်သောကြောင့် အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...