Magway News

Magway News

မြိုင်မြို့နယ်၊ ဇီးတောကျေးရွာဘုန်းကြီးကျောင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဘုရားလှိုဏ်ဂူထဲစစ်ဘေးရှောင်နေသူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးတောကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားလှိုဏ်ဂူထဲစစ်ဘေးရှောင်နေသူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် များအပါအဝင် ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီး ကျောင်းကို ပစ်မှတ်ထား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာ သော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားလှိုဏ်ဂူအတွင်း စစ်ဘေးရှောင်နေသူ အသက် ၃၀ ကျော်အရွယ် မဌေးကြည် သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၇ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘုရားစေတီတစ်ဆူလည်း ပြိုကျပျက်စီးကာ ဘုရားလှိုဏ်ဂူလည်း ထိခိုက်ပျက် စီးခဲ့ ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများမှာ ကမ္မမြို့မှ စစ်ဘေးရှောင်နေသူများဖြစ်ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးကာလကို တစ်လထပ်မံသက်တမ်းတိုးထား သော်လည်း ပြည်သူလူထုနေထိုက်ရာကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်လျက်ရှိ ပြီး မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာ ပေးကြပါရန်နှင့် ဗုံးခိုကျင်းများ တူးထားကြပါရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...