နတ်မောက်မြို့နယ်၊ လျော်တောင်ဘုန်းကြီး၌တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ကျောင်းသားတစ်ဦးကို ကယ်ထုတ်နိုင်
သံလွင်မြန်မာသတင်း
ဇွန်လ ၁၅
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လျော်တောင်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသော ကျောင်းသားတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ ကြောင်း ငါးပြေမပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၉ ရက်နေ့က နတ်မောက်မြို့နယ် ၊လက်ခုပ်ပင်ကျေးရွာအုပ်စု လျော်တောင်ကျေးရွာဘုန်းကြီး ကျောင်း၌ တပ်စွဲနေထိုင်သော စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ ဖြင့် ၄ ချက် ပထမဆုံးပစ်ခတ်ကာ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို သို့ တိုက်ခိုက်မှုအတွင်း စစ်သားများက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော အသက် ၁၆ နှစ် အရွယ်ကျောင်းသားတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်များက ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့ပေါ်မှ စစ်ကူစစ်ကြောင်း အချိန်မှီရောက်ရှိလာခြင်းနှင့် ပြည်သူ့အိုး အိမ်များအား ရန်ရှာမည်စိုးရိမ်သောကြောင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သား တပ်စွဲနေထိုင်ပြီး ရိက္ခာအတွက် ပြည်သူပိုင် ကြက်၊ ဝက်များကို သတ်ဖြတ်ခြင်း၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် ကျေးရွာ နေ ပြည် သူများအားလုံးမှာ နေအိမ်များစွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။
Thanlwin Myanmar Media