Magway News

Magway News

ပခုက္ကူမြို့နယ်၊ အနောက်မကျည်းကန်ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန်ရွာ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။

 

ဇွန်လ ၁၀ ရက် နံနက် ၅ နာရီခန့်က ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန်ရွာရှိ ပျူစောထီး စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘန်ကာ ၃ လုံး အထိဖြိုချနိုင်ခဲ့ကာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ဝင်တိုက်တဲ့အချိန်မှာ အင်အားက ၅၀ လောက်ပဲရှိတာ၊ ပခုက္ကူကနေစစ်ကြောင်းထွက်တော့ ပါသွာ တဲ့အတွက်အင်အားနည်းသွားတဲ့အချိန် နောက်ကဝင်တိုက်တာပါ၊ နောက်ဆုံးဘန်ကာရရှိဖို့ပဲကျန် တော့၊ အဲဒီနောက်ဆုံးဘန်ကာရရှိဖို့အတွက် တိုက်ရရင်တော့ ၁၅ မိနစ်ဝန်းကျင်လောက်ပဲ ထပ်တိုက် ရမှာပေါ့၊ အဲဒီအချိန် မမျှော်လင့်တဲ့ အပြောင်းအလဲဖြစ်သွားတဲ့အချိန်၊ ကျနော်တို့ဘက်က ရဲဘော် ၃ ယောက်လည်း ဒဏ်ရာရတဲ့အချိန် ပြန်ဆုတ်ခဲ့လိုက်ရတာပါ။” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယင်းစခန်းအား သိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်၍ ထိုးစစ်ဆင်တိုက်နေစဉ် ဘဲကြီးပျူရွာမှ စစ် သား၊ ပျူစောထီးများနှင့် ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ စစ်ကူစစ်သားများ ရောက်ရှိလာသော ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု (MUGDF) ၊ ဧရာဒေါင်းတပ်ဖွဲ့ ၊ နယ်စည်းမခြား (PKU) ၊ P PDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်‌ေပြာက်ကျားတပ်ဖွဲ့၊ Younth Guettilla Force (Y.G.F) ၊ ဝံပုလွေးပြောက်ကျားတပ်ဖွဲ့ ၊ God fo myaing၊ မုန်တိုင်းပြောက်ကျား တပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ၊ Burmese Revolution Ranger နှင့် PLO ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ကျနော်တို့ အညာမြေတပ်ပေါင်းစုအနေနဲ့တော့ ကျနော်တို့ခရိုင်ထဲမှာ ပျူစောထီးတွေ၊ စခတွေ ကင်း စင်တဲ့ ဇုံဖြစ်အောင် ဦးစားပေးဆောင်ရွက်နေပါတယ်၊ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကျနော်တို့နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်ပေးတဲ့ ပြည်သူတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်၊ ပြီးတော့ ပြည်သူတွေ ထိခိုက်မှုနည်းအောင်၊ ကာကွယ်နိုင်အောင် အများကြီးကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...