Magway News

Magway News

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း CDF – Asho ထံမှ သိရသည်။

 

ဇွန်လ ၄ ရက်နေ့တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းမှ ရှေ့တန်းကာကင်း တာဝန် ထမ်းဆောင်နေစဉ် ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို Chin Defence Force Asho တပ်ဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးထံမှ MA အမျိုးအစား လက်နက်ငယ် ၃ လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF...