Magway News

Magway News

ကမ္မမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းက PDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းက PDF တပ်ဖွဲ့ဝင် ၁ ဦး နှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကမ္မတပ်ပေါင်းစုထံမှ သိရသည်။

 

မေလ ၂၈ ရက်နေ့တွင်ကမ္မမြိုမှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်း၏ ရှေ့ပြေးစစ် ကြောင်းသည် ကမ္မနှင့် ပေါက်လမ်းပိုင်းရှိ ကမ္မတပ်ပေါင်းစု၏ စခန်းကို တစ်ခုကို မီးရှိဖျက်ဆီးခဲ့ရာ အီ နာဂါ ဗုံးသီးများ၊ ထုတ်လုပ်ရေးစက်ပစ္စည်းများ၊ ခဲယမ်းများ၊ ဆိုင်ကယ်များ စုစုပေါင်း ကာလတန် ကြေး သိန်း ၅၀၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါရှေ့ပြေးအကြမ်းဖက်စစ်ကြောင်းသည် မန်ကျည်းတန်းရွာ၊ အင်းဘတ်ရွာ၊မယ်ဇလီရွာနေ ပြည် သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူတစ်ဦးကို ရွှေလှံရွာအရောက်တွင် မီးတိုင်၌ ကြိုးဖြင့် တုတ်၍  သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၃ ရက်နေ့တွင် ယာဉ်တန်းဖြင့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကြောင်းကလည်း ရွာသာအေးရွာ၊ ရေမျက်ရွာ၊ ပြည့်အိုင်ရွာ၊ ရေလာကြီးရွာနေ ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

 

ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲရန် စောင့်နေသည့် ကမ္မတပ်ပေါင်းစု၏ ပြည်သူ့ ပြောက်ကျားရဲဘော်တစ်ဦးသည် ဆားကျင်းကုန်းရွာ၌ စစ်ကောင်စီ ကင်းပုန်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပြီး မြင့်မြတ်စွာ အသက်ပေးသွားခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၆ ရက်နေ့တွင် ကမ္မဒေသ၊ မန်ကျည်းသုံးပင်ရွာကို ဆိပ်ဖြူကပစ စက်ရုံမှ ပါရာမော်တာ ၁ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ်၊ ပခုက္ကူ ၁၀၁ တပ်မှ ပါရာမော်တာ ၂ စီး လေကြောင်း တိုက် ခိုက်မှု ၂ ကြိမ် ၁၂၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၇ ရက် နေ့တွင်လည်း ကမ္မဒေသ သံဘိုရွာကို တံတားဦးလေဆိပ်တက် Y-12 လေ ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၃၇ လုံး ဗုံးကြဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်အဆောက်အဦးများ၊ နေအိမ်များ၊ ထရမ်စဖော်မာများပျက်စီးခဲ့ရပြီး ဆိတ်၊နွားများ သေကြေပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၈ရက်နေ့တွင် ကမ္မဒေသ ထနောင်းရွာ၊ ဂျိုးပျံရွာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ တော တဲများကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ၆ လက်ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန်လ ၉ရက်နေ့ကလည်း ကမ္မဒေသ ဂျိုးပျံရွာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ တော တဲများကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ၆ လက်ဒရုန်းဖြင့် ၄ ကြိမ် ဗုံးသီးချတိုက်ခိုက်သည့် အပြင် လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၉ ရက်နေ့တွင် အဖမ်းဆီးခံပြည်သူတစ်ဦးကို ကမ္မချောင်းထဲ၌ သတ်ဖြတ်ကာ အ လောင်း ဖျောက်ပစ်ထားခဲ့ကြောင်း၊ ကမ္မမြိုပေါ်စစ်ကြောင်းထံမှ ထွက်ပြေးလာသည့် ရေမျက်ရွာနေ ပြည်သူတစ်ဦးကို ကမ္မတပ်ပေါင်းစု၏ ကမ္မကာကွယ်ရေးအဖွဲက ကူညီကယ်ထုတ်ကာ နှိပ်စက်ခံထား ရသည့် ဒဏ်ရာများကို ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ကမ္မမြိုပေါ်ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ကမ္မ​ဒေသတွင်း ကျေးရွာ များ နှင့်စစ်ရှောင်ပြည်သူများကို ပါရာမော်တာ၊ဒရုန်း၊Y-12 လေကြောင်းဖြင့် နည်းမျိုးစုံတိုက်ခိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ ပြည်သူများကို ရိုက်နှိက်စစ်ဆေးခြင်းများ၊ အသက် အန္တရာယ်ခြိမ်းခြောက်ခြင်း၊ အဖမ်းဆီးခံပြည်သူများကို နှိပ်စက် သတ်ဖြတ်ခြင်းတို့ လုပ်ဆောင် လျက်ရှိကြောင်း ကမ္မတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF...