Magway News

Magway News

နတ်မောက်မြို့နယ်မှ ထွက်လာ စစ်ကောင်စီ၏ လေယာဉ်ဆီ ဘောက်ဆာကားတစ်စီးကို အမြန်လမ်း ပေါ် တွင် စစ်သား ၂ ဦးနှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၈

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ ထွက်လာသော စစ်ကောင်စီ၏ လေယာဉ်ဆီဘောက်ဆာကား တစ်စီးကို အမြန်လမ်းပေါ်တွင် စစ်သား ၂ ဦးနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၈ ရက် နံနက်ပိုင်းက နတ်မောက်မြို့နယ်ဘက်မှ အမြန်လမ်းမပေါ်သို့ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီဘောက်ဆာ ကား (ယာဉ်အမှတ် 2B-8525) ကို ရန် ကုန် -မန္တလေးအမြန်လမ်းမပေါ် မိုင်တိုင် ၂၆၂ အနီးတွင် စစ်ဆေးကာ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကားသည် ပြည်သူများအား လေကြောင်းဖြင့် ဗုံးကျဲသတ်ရန် လေယာဉ်ဆီများကို ကြိမ် ဖန်များစွာသယ်ဆာင်ပေးနေသည့် ယာဉ်တစ်စီးဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက်ပဲ ဖမ်းမိတာပါ၊ ဆီဘောက်ဆာကားထဲမှာ ဆီအပြည့်နဲ့ပဲ၊ အရာခံဗိုလ်မင်းထွဋ်ရဲ့ လက်ပါး စေ ၂ ယောက်နဲ့အတူ ဖမ်းမိခဲ့တယ်။ လက်ရှိတော့ ဖမ်းမိတဲ့သူတွေကို စစ်ဆေးနေတုန်းပါ။ ရဲဘော် တွေ အားလုံးလည်း လုံခြုံတဲ့နေရာရောက်ပါပြီ” ဟု Aung San’s Land Natmauk ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးမှုကို Aung San’s Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ် ပြီး လေယာဉ်ဆီဘောက်ဆာကားနှင့်အတူ ဖမ်းဆီးရရှိခဲ့သည့် အရာခံဗိုလ်မင်းထွဋ်၏ လက်ပါးစေ နှစ် ဦးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြပါရန် အာရက္ခတပ်တော် -AA ကသတိ ပေးထားသည်။ ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်သင်္ဘော များပေါ်မှ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊...