Magway News

Magway News

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၇

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်း တန်းထံမှ သိရသည်။

 

ယမန်နေ့ ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီ ၅၈ မိနစ်တွင် ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေး လေတပ်မှ တက်လာသော Mig-29 Jet Fighter တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသား ၂ ဦးနှင့်အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးတို့နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ် ရာရရှိကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိပဲ ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကျဲသွားတာပါ။ သေဆုံးသူတွေက အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသား ၂ ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ် အ မျိုး သားတစ်ဦးပါ၊ ဒဏ်ရာရ သူတွေက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ၊ နေအိမ် ၁ လုံး ပျက် စီးပါတယ်။ အနီးအနားက အိမ်တွေလည်း အနည်းအကျဉ်း ဗုံးစထိမှန်ပျက်စီးတာတော့ ရှိပါတယ်” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောကြားသည်။

 

ပြီးခဲ့သည့် မေလအတွင်း ယောဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၆ ကြိမ်ထက် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၅ ဦး ထက်မနည်း သေဆုံကာ စာသင်ကျောင်း ၁ ကျောင်း ၊ ပြည်သူ့နေအိမ် ၅ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုကို ပစ်မှတ်ထားကာ နေ့စဉ် နှင့် အမျှ ဗုံးကျဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်နိုင်ငံ ဗုံး ခိုကျင်းများ တူးထားကြရန်နှင့် လေကြောင်းရန်ကာကွယ်ဆိုင်ရာ နည်းလမ်းများကို လိုက်နာပေး ကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

စစ်ကောင်စီ၏ စစ်ကြောရေစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်းစိန် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားသော မဝတ်ရည်အောင်၏ ရုပ်အလောင်းကို ရေဝေးသုဿန်၌ ယနေ့ သင်္ဂြိုလ်မည်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးစခန်းတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် အင်း စိန်အကျဉ်းထောင်၌ ကျဆုံးသွားသော နိုင်ငံရေး...