Magway News

Magway News

ပေါက်မြို့နယ်၊ ကုက္ကိုစုပျူရွာမှ ထွက်လာသည့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ ဆုံး ၊ လက်နက် ၁ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၄

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူရွာမှ ထွက်လာသည့် ပျူစောထီးများကို ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း နွေဦးညီနောင်-ပြောက်ကျား တပ်ဖွဲ့မှထံမှ သိရသည်။

 

ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစုပျူရွာမှ သရက် သီး ကောက်ရန် ထွက်လာသည့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ် စောင့် ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်လာသည့် Ak 47 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၂၆ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၆ ဦးလောက်ထွက်လာတာ၊ ပျူတွေဘက်ကလည်း ပြန်ပစ်တာမျိုးတွေရှိတယ်။ စုစု ပေါင်း ၃ ဦးသေတယ်၊ ချိန်အောင် အသက် ၅၆ နှစ်၊ အောင်ကြိုင် အသက် ၄၄ နှစ်နဲ့ ဘိုစိုင်း အသက် ၁၆ တို့ပါ။ ပျူစောထီး အမျိုးသမီး ၁ ဦးထည်း အပြင်းအထန် ဒဏ်ရာရတယ်လို့ သတင်းရ ပါတယ်” ဟု နွေဦးညီနောင်-ပြောက်ကျားတပ်ဖွဲ့ မှ ဗိုက်တေဇက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နွေဦးညီနောင် တပ်ဖွဲ့ ၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ပေါက် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ လက်နက် တစ်လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး...