ပခုက္ကူမြို့ ၊ ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၃
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ခရိုင်မီးသတ်ရုံးတွင်တပ်စွဲထားသော စစ်သားများကို ဝင်ရောက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့ပေါ်ရှိ ခရိုင်မီးသတ်ရုံး၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“မြို့ရှောင်လမ်းက ခရိုင်မီးသတ်ရုံး တိုက်ခိုက်ခံရတယ်။ အဲဒီမီးသတ်ရုံးမှာတပ်စွဲထားတဲ့ စခတွေက ကားတွေ၊ သုံးဘီတွေ၊ ဆိုင်ကယ်တွေ အကုန်ပိုက်ဆံတောင်းတာ၊ လက်နက်ကြီးသံတွေရော ၊ လက် နက်ငယ်သံတွေရော ဆူညံနေတာပဲ၊ အချက်ပေါင်း ရာချီမကဘူး။” ဟု ပခုက္ကူမြို့နေပြည်သူတစ်ဦး က သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အပြန်အလှန်အပစ်ခတ်တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပခုက္ကူမြို့ပေါ်အခြေစိုက် တပ်မ ၁၀၁ နှင့် လက်အောက်ခံ တပ်ရင်းများမှ စစ်ကူအင်အားအများအပြား ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ ရသည်ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae PDF ၊ ပခုက္ကူ ပ.က.ဖ တပ်ရင်း ၁ ၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ မြိုင် ပ.က.ဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media