Magway News

Magway News

မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် တစ်ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် လှိုင်ဘွား ကျဆုံးခဲ့ရကြောင်း မကွေးတိုင်းပကဖ အထူး လှုပ်ရှားတပ် – USBA ကထုတ်ပြန်သည်။

 

မေလ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၂ ၊ ကပစ ၁၀ ၊ လင်းကယ် ရဲစခန်းတို့ မှ ထုတ်နှုတ်အင်အား ၈၀ ၀န်းကျင်ပါ စစ်တပ် စစ်ကြောင်းသည် Drone များ ၊ လက်နက်ကြီးများ သံသ ယ ရှိသည့်နေရာများဖြင့် ပစ်ခ‌တ်ကာ အထက်မင်းလှမြို့နယ် ၊ လင်းကယ် တိုက်နယ်အတွင်းသို့ ဝင် ရောက်လာခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ရှေ့သို့ အာရုံစိုက်ပြီး နေရာယူလှုပ်ရှားနေစဉ် နောက် ကျော ဘက်မှနေ၍ ကပစ ၁၂ မှ အင်အား ၅၀ ၀န်းကျင်ရှိသော စစ်ကြောင်းကလည်း သရက်မြို့နယ် ထီးရိုးကျေးရွာသို့ ‌မေလ ၂၃ ရက်နေ့ နံနက်စောပိုင်းတွင် ကားများဖြင့် ၀င်ရောက်လာခဲ့သည်ဟု ဆို သည်။

 

ထိုမှ တဆင့် မင်းတုန်းမြို့နယ် အရှေ့မြောက်ခြမ်း ကျေးရွာများကို အလစ်အငိုက်ဖမ်းပြီး နှစ်ဘက် ညှပ် ပိတ်ဆို့၍  စစ်ကြောင်းထိုး၀င်ရောက်လာခဲ့ကာ ပြည်သူများ၏ ရိက္ခာများအား ခိုယူချက်ပြုတ် စားသောက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် မင်းတုန်းမြို့နယ်၊ ကျွဲခြံရွာစာသင်ကျောင်းတွင် ညအိပ်စခန်းချနေသော ကပစ ၁၂ မှ စစ် ကြောင်းကို မေလ ၂၃ ရက်နေ့ ညပို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် ၂ ကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ မေလ ၂၅ ရက်နေ့တွင်လည်း မင်းတုန်းမြို့နယ်၊ ရွာသာယာကျေးရွာနီး၌ အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ် – United States Of Burma Army – USBA တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအ ကျ သိရှိခြင်းမရှိကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်တပ်ဘက်မှ ရဲဘော် လှိုင်ဘွား မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
AA News

AA News

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်တိုက်ပွဲတွင် ဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ၅ ဦး စနိုက်ပါ ထိမှန် သေဆုံး ၊ တိုက်ပွဲအတွင်း ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်သားအလောင်း ၃၀ ကျော်ကို လက် နက်ခဲယမ်းအချို့နှင့်အတူ အာရက္ခတပ်တော်က သိမ်းဆည်း ၊ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် အ ပါအဝင် စစ်သုံ့ပန်း အမျာအပြားကိုလည်း ထပ်မံဖမ်းဆီးရရှိ...