စလင်းမြို့နယ်အတွင်း ၁၆ ရက်ကြာဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို လိုက်လံချေမှုန်း တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၉
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းသို့ ၁၆ ရက်ကြာ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို လိုက်လံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း ဗမာ့ တပ်တော်က ထုတ်ပြန်သည်။
မေလ ၂၃ ရက်နေ့က စလင်းမြို့နယ်, ပိန္နဲပင်ကျေးရွာချောင်းတစ်ဖက်ကမ်းရှိ ထနောင်းကုန်း ၊ ငသန် ခေါင်း ၊ ဂွေးကုန်း များသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ မကွေးလေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စင်းဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
မေလ ၂၄ ရက်နေ့တွင်လည်း ဂွေးကုန်းရွာအတွင်းထပ်မံဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်း ကို စောင့်ကြို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုမျာပြားပြီး မကွေး လေတပ်စခန်းမှ လေယာဉ်နှစ်စင်းဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာရှိ နှစ်ဦးအပါဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများသည် ငသန်ခေါင်းကျေးရွာနှင့် ဂွေးကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်များကို မီး ရှို့ဖျက်ဆီးခဲ့ပြီး ထပ်မံထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အထိ၍ စနေချောင်းကျေးရွာအတွင်းသို့ ဆုတ်ခွာသွားကြောင်း၊ စနေချောင်းကျေးရွာရှိ ပြည်သူ့ နေ အိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် အိုးသည်ကျေးရွာသို့ ဝင်ရောက်လာခဲ့ သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံး ပြီး YENANTHAR COLUMN မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရကာ ရဲဘော် နှစ်ဦး (မစိုး ရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများသည် အိုးသည်ကျေးရွာမှ ပြည်သူ့နေအိမ် များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကို ဗမာ့တပ်တော်(BA) အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးရုံး၊ ကွပ်ကဲမှုအောက်ရှိ ALPHA စစ်ကြောင်း၊ BRAVO စစ်ကြောင်း၊ ဧရာဘီလူးစစ်ကြာင်းများနှင့် မဟာမိတ်တပ်များဖြစ်သည့် ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF ၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ ဒေါင်းညီနောင်LPDF ၊ SLN LPDF ၊ မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း SR-7 ၊ မကွေးပကဖစစ်ကြောင်း၊ YENANTHAR COLUMN ၊ ပခုက္ကူ ခရိုင် အမှတ် ၁၉ တပ်ရင်း၊ မကွေးတိုင်းဒရုန်းတပ်ဖွဲ့၊ စလင်းပလဖ(ယာယီ)တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၄၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ ၆ ဦးကိုလည်း ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်သွား ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ဝင်ရောက်ခဲ့စဉ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ မီးဘေးသင့်ပြည်သူများနှင့် စစ်ရှောင်ပြည်သူများအား မိမိတို့မဟာမိတ်တပ်ဖွဲ့များမှ တက်စွမ်းသရွေ့ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးနေသော်လည်း လိုအပ်ချက်များစွာရှိနေသဖြင့် တော်လှန်မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းများသို့ ဆက်သွယ်ကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
မေလ ၁၁ ရက်နေ့က စ၍ စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာတွင် ခေတ္တအခြေချနေသည့် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေး မဟာ မိတ်တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ မေလ ၂၆ ရက်နေ့ အထိ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media