ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ်တစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းတွင် ဒုတပ်ကြပ်တစ်ဦး မိမိကိုယ်ကို သေနတ် ဖြင့်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။
မေလ ၂၁ ရက် ညပိုင်းက ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ဂျူလိုင်ထွန်းသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်၍ အဆုံး စီရင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဒုတပ်ကြပ် ဂျူလိုင်ထွန်းသည် ၂၀၂၁ ခုနှစ်ခန့်က ဂန့်ဂေါမြို့ပေါ်တွင် ပျူစောထီးခေါင်းဆောင် P2 ဖိုး ဇော် နှင့် ကျည်ခိုးရောင်းသူ ဗိုလ်ကြီး မျိုးဝင်းသူ၊ ဒုတပ်ရင်းမှူး ရဲရန်ပိုင်တို့နှင့်ပူးပေါင်းကာ ဂန့်ဂေါ မြို့ပေါ်ရှိ လောင်းကစားဒိုင်များထံမှ ဆက်ကြေးကောက်ခံခြင်း၊ လောင်းကစားပြုလုပ်မှုကြောင့် ရှုံး နိမ့်သော ပြည်သူများအား နေအိမ်ပေါ်မှ အတင်းအဓမ္မဖယ်ရှားခြင်း၊ ဂန့်ဂေါမြို့ပေါ်နေပြည်သူများ အား ခြိမ်းခြောက်အနိုင်ကျင့်ခြင်းများလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
“ဂျူလိုင်ထွန်းက ပင်လည်ဘူးမှာကျသွားတဲ့ 2ic ရဲရန်ပိုင်ရဲ့ ကားကို လိုက် မောင်းပေးရတဲ့သူ။ သူတို့ ချင်း အဆင်ပြေချိန်ကဆို မြို့ပေါ်မှာ လောင်းကစားတွေ မူးယစ် ဆေးတွေကို သူတို့ဘဲ ဦးဆောင်လုပ် တာ။ နောက်မှ အပြောင်းလဲတွေဖြစ်ပြီး ဗိုလ်ကြီး မျိုးဝင်းသူတို့ မရှိတော့မှ သူတို့လောင်းကစားလုပ် တာတွေ ငြိမ်သွားတာ။ သူ့မိန်းနဲ့ကကွဲနေတာ။ သူကိုယ်တိုင်က ဆေးစွဲနေတာရော အရင်လို အာဏာ ပြ မရတော့တာရောကြောင့်ဖြစ်မယ်ထင်တယ်။ ၂၁ ရက်နေ့က သတ်သေသွားဝာာ။ သေပြီးချင်းချင်း ညတွင်းချင်း ဂန့်ဂေါမြို့ပေါ်မှာရှိတဲ့ ရေပုတ်သုဿာန်မှာ သင်္ဂြိုလ်လိုက်တယ်။ လက်ရှိ ဗျူဟာမှူးက တော့ တိုက်ပွဲမှာကျတာမဟုတ်လို့ သူ့အတွက် ဘာပင်စင် ခံစားခွင့်မှ မပေးနိုင်ဘူးလို့ပြောသံကြား တယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။
သေဆုံးသူ ဂျူလိုင်ထွန်းပူးပေါင်းခဲ့သော ခလရ ၅၀ မှ ဒုတပ်ရင်းမှူး ရဲရန်ပိုင်သည် ပင်လယ်ဘူးမြို့ သိမ်းတိုက်ပွဲတွင် သေဆုံးသွာားပြီး ဗိုလ်ကြီးမျိုးဝင်သူမှာ ကျည်ဆံများရောင်းစားမှုဖြင့် ဖမ်းဆီးခံရကာ ယခုအခါ ကျော ကပစ ၂၃ သို့ရောက်ရှိနေကြောင်း သိရသည်။
Thanlwin Myanmar Media