Magway News

Magway News

စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို တိုက်ခိုက်မှု အဆောက်အအုံများထိခိုက် ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၂၄

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ ကို RPG7 ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စလင်းမြို့နယ် စုပေါင်းရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“ဗဟိုကင်းကို အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်၊ စခန်းရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ စစ်ကားတွေ ထပ်မံ အင်အားဖြည့်တင်းနေပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ခွဲ ၂ ခွဲမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့မေလ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က စလင်းမြို့နယ်၊ လင်းဇင်ရဲစခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပွိုင့်တစ်ခုမှ လက်နက်ကြီး များဖြင့်သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

စလင်းမြို့နယ် အတွင်း စစ်ကောင်စီတပ်မှ ၁၂ ရက်ကြာ စစ်ကြောင်းထိုး၍ ကျေးရွာများအား မီးရှို့ ဖျက်စီးနေသဖြင့် ဒေသကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိရာ နေ့စဉ်တိုက်ပွဲဖြစ် ဖြစ်ပွား လျက်ရှိကြောင်း၊  အပစ်မဲ့ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးမီးရှို့နေသည့် အကြမ်းဖက် စစ်တပ် ကို အဆုံးအထိတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

မင်းလှမြို့နယ်၊ ခါချဉ်တောင်ပေါ်သို့ တ်ကလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၁၀ ဦး ထက် မနည်းသေဆုံး၊ သေဆုံးစစ်သားအလောင်းများကို ချောက်ထဲစွန့်ပစ်   သံလွင်မြန်မာသတင်း မေလ ၂၄   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ ခါချဥ်တောင်ပေါ်သို့ တက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ...