Magway News

Magway News

ပခုက္ကူမြို့ရှိ KTV သို့ သွားရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် ရဲ ၃ ဦးကို အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ KTV သို့ သွားရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲ ၃ ဦးကို အရှင် ဖမ်းမိ ခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ ဂိတ်မှ ရဲဒုတပ်ကြပ် သီဟအောင်၊ ရဲတပ်သား လှဘုန်းနှင့် ရဲတပ်သား စည်သူလွင်တို့သည် ပခုက္ကူမြို့ ရှိ KTV သို့ သွားရန် ဆိုင်ကယ်ဖြင့် ထွက်လာစဉ် လမ်းကြောင်းတနေရာ၌ ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ဝင်များက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကံရွာနဲ့ ပခုက္ကူမြို့ဆိုတာ တစ်မိုင်လောက်ပဲရှိတာ၊ ပြီးတော့ ဘုန်းကံရွာက တစ်ရွာလုံး ရှောင် နေကြရတာ၊ ပြည်သူတွေမရှိတော့ဘူး။ ဒီကထွက်ရင် ဒီစခတွေပဲရှိတော့တာ၊ သူတို့ကခရိုင်ရဲတွေပါ၊ ခရိုင်ကနေ မြို့မစခန်းတွေတာဝန်ချ၊ အဲဒီကနေမှ ဂိတ်တွေကိုခွဲပြီးတာဝန်ချထားတာ။ လက်ရှိသူတို့ ကို သုံ့ပန်း ဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်၊” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံကို အောင်မောင်းက ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးမှုကို Southern YSO PDF ၊ ဒေါင်းညီနောင် ၊ Yesagyo Revolution Group (YRG) ၊ ပြည်သူ့အားမာန် PDF YSO ၊ King Cobra ၊ ဒေါင်းစစ်သည် အဖွဲ့များပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသည့် ရဲ ၃ ဦးထံမှ လက်ကိုင်ဖုန်း ၃ လုံး၊ ငွေကျပ် ၁၉၈,၀၀၀ကျပ်နှင့် လက် ပစ်ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...