Magway News

Magway News

ပုံတောင်နတ်ထိပ်ရှိ ကပစ ၂၄ ကာကင်းစခန်းတစ်ခု သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပုံတောင်နတ်ထိပ်ရှိ ကပစ ၂၄ ကာကင်းစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရ သည်။

 

မေလ ၂၁ ရက် နေ့လည်ပိုင်းက ထီးလင်းမြို့နယ်၊ ကျင်းရွာအရှေ့၊ ဒေသအခေါ် ပုံတောင်နတ်ထိပ်ရှိ ကပစ ၂၄ ၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ခံရပြီးနောက် မေလ ၂၂ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၇ မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၄၃ မိနစ်တွင် တစ်ကြိမ် ၊ တစ်ကြိမ်လျှင် ပေါင် ၂၅၀ ဗုံးသီး ၂ စီနှုန်းဖြင့် ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နေ့ခင်းပိုင်းကတည်းက ကာကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်သိမ်းထားတာ၊ အကုန် လုံး သိမ်းဆည်းပြီးလို့ စခန်းတောင်ပြန်ရောက်နေလောက်ပြီ၊ လေယာဉ်က နောက်တနေ့မနက်ကျမှ လာကျဲသွားတာပါ၊ ထိခိုက်မှုမရှိလောက်ဘူး။ ကပစ ၂၄ ရဲ့ ကာကင်းစခန်းပေါ့, အင်အားကတော့ ၅၀ လောက်ရှိမယ်ထင်တယ်၊ တစ်ခါတရံ ကျင်းရွာထဲဝင်လာတာ ၅၀ လောက်ရှိတယ်ဆိုတော့၊ အခုက သိမ်းလိုက်တဲ့အချိန်မှာတော့ ဘာတွေဘယ်လိုရလိုက်လဲ မသိရဘူး။ သိမ်းပိုက်တဲ့အဖွဲ့တွေက တရား ဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသသတင်းရင်းမြစ်က ပြော ကြားသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခြင်းမပြုမီ ထီးလင်မြို့နယ်၊ ကျောက်ထုနယ်နှင့် မင်းတပ်မြို့နယ်တို့ဘက်သို့ ၄ ကြိမ် လှည့်ပတ်ပျံသန်းကာ ကင်းထောက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ယောဒေသကို နေ့စဉ်နှင့်အ မျှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ကြံဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘိုရဲကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရွာပြင်၌ အလာင်းစွန့်ပစ်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၃   မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင်၊ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ တူဖြစ်သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး...