Magway News

Magway News

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၂၃

 

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က စလင်းမြို့နယ် လင်းဇင်းတိုက်နယ်အထိုင်ချ ရဲ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၆ ထိရောက်စွာကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စခန်းထဲကို ၆ လုံးအထိ ကျအောင် ပစ်ခတ်နိုင်ခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုနောက်ဆက်တွဲသတင်း တော့ မသိရသေးဘူး၊ စလင်းမြို့နယ်ထဲမှာ တိုက်ပွဲပြင်းနေလို့ မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြဖို့နဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်နေပေးကြဖို့ မှာချင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း ၊ စလင်း ပကဖ နှင့် ဒေါင်း​​​ညီနောင်ပျောက်ကြားအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့နယ်၊ ပိန္နဲပင်ကျေးရွာ၊ ငါးလင်ပန်းကျေး ရွာတို့ဘက်မှ ဂွေး ကုန်းကျေးရွာ၊ ငါးသန်းခေါင်းကျေးရွာတို့အထိ စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများအားဖျက် ဆီးနေသောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ပေးကြပါရန် တော် လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်တွင် ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ရက် ဆက် တိုက် ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒူရကစစ်ကြောင်းနှင့်...