စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မေလ ၂၀
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက် ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army ကထုတ်ပြန်သည်။
မေလ ၁၂ ရက်နေ့က စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာမှတဆင့် ပိန္နဲပင်ကျေးဘက်သို့ ဝင်ရောက် လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ရာ အပြင်းအထန် တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထိ ခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ဗမာ့တပ်တော် အမှတ် ၈၀၈ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ပြည့်သူ့ကာကွယ် ရေးတပ်ဖွဲ့ (စလင်း) ၊ ဒေါင်းစစ်အောင် LPDF၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ SLN LPDF နှင့် မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါစစ်ကြောင်းသည် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာနှင့် ပိန္နဲပင်ကျေးရွာများအ တွင်းသို့ ရောက်ရှိနေပြီး စစ်အင်အားများ ဖြည့်တင်းကာ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နေရာဒေသ ကျေးရွာများသို့ လိုက်လံစစ်ကြောင်း ထိုးခြင်း၊ ပြည်သူပိုင်အဆောက်အဦးများကို ဖျက် ဆီးခြင်း၊ ပစ္စည်းများကို ခိုးယူခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ နေ့စဉ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့မှ စတင်၍ တညောင်တိုက်နယ်မှ စလင်းမြို့နယ်အတွင်း ဝင်ရောက်လာသည့် တပ်မ ၁၀၁ လက်အောက်ခံထုတ်နှုတ်အင်အားဖြစ်ပြီး စလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယင်းတစ်လအတွင်း စလင်းမြို့နယ် အ တွင်းရှိ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းများအပြင် လေကြောင်း တိုက်ခိုက်မှုလဲများ တောက်လျှောက်တိုက်ခိုက်နေသဖြင့် စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေ ဖြင့် စစ်ရေးသတိရှိကြပါရန်နှင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ အသင့်တူး ထားပါရန် တိုက်တွန်းထားသည်။
Thanlwin Myanmar Media