Magway News

Magway News

ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူရွာစခန်းနှင့်စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်ပျူရွာနှင့် စစ်တပ် စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်အချိန်နှင့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တို့တွင် ပခုက္ကူမြို့ နယ်၊ ရှင်မကန်ပျူရွာတောကျောင်း၌ ယာယီတပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို ရော့ကတ် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၁၆ ရက်နေ့တွင်လည်း ရှင်မကန်ပျူရွာကို ရော့ကတ် ၂ လုံး ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ ၁၆ ရက်နေ့တွင် ရှင်မကန်ပျူရွာတောကျောင်းမှ ကား ၄ စီးဖြင့် ပခုက္ကူမြို့တပ်မ ၁၀၁ သို့ ထွက်ခွာလာစဉ် လမ်းပိုင်းတနေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံး ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်သည့်နေရာအား နယ်မြေရှင်းလင်းစဉ် MA ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၂၄ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ-ခွဲ-၅ ဧရာဒေါင်းတပ်ဖွဲ့၊ ဧရာဒေါင်းတပ်စိတ်၊ PLOတပ်ဖွဲ့ နှင့် COBRA ONE Pakokku တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ PNO ပြည်သူ့စစ် ၂၀ ခန့် သေဆုံး ပြီး ၁ ဦးအရှင်ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ကင်တိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၊ PNO ပြည်သူ့စစ် ၂၀ ဦးခန့်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် က ထုတ်ပြန်သည်။ ဩဂုတ်လ ၆ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ်၊...