Magway News

Magway News

ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၁၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးခန်းပျက်စီးသွားကြောင်း ဆိတ်ဖြူတကိုယ်တော်ကျားဇိုးက ပြောကြားသည်။

 

ယနေ့မေလ ၁၈ ရက် နံနက် ၆ နာရီ ၁၇ မိနစ်က ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက်၊ ဂျိုးပျံရပ် ကွက်အတွင်းဖွင့်လှစ်ထားသော ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှတက် လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ ပြီးဆေးခန်းပျက်စီးသွားကာ ဆေးခန်းအနီးရှိ ထန်းပင်ပါ ပြတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။

“ဆေးခန်းက ပိတ်ထားတာကြာပြီ။ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကို လေကြောင်းကနေ ပစ် မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ဆေးခန်းမဖွင့်ပဲထားတာ။ ဆေးခန်းက နှစ်ဆောင်တွဲပေါ့၊ အဲဒီဆေး ခန်းလည်းပျက်စီးသွားတယ်။ ဆေးခန်းအနီးမှာရှိတဲ့ ထန်းပင်လည်း ပြတ်ထွက်သွားတာ၊ အမျိုးသမီး သား ၁ ဦးကတော့ ဦးခေါင်းပေါက်သွားတယ်လို့သိရတယ်။ ကျန်တဲ့တစ်ယောက်အခြေအနေကတော့ မသိခဲ့ရဘူး” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အရပ်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများ၊ ဈေးများ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ နေ့စဉ်တိုက်ခိုက်နေမှုများ ကြောင့် ပြည်သူရာချီသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ အိုးအိမ်အဆောက်အအုံများစွာ ပျက်စီး ဆုံးရှုံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီက အစုလိုက်အပြုံလိုက်ပေါက်ကွဲသည့် Cluster Bomb များအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပေါက်ကွဲသည့်...