Magway News

Magway News

မြိုင်မြို့သို့ ဦးတည်၍ ထွက်လာသော စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်မှု စစ်သားအလောင်း ၈ လာင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း | မေလ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ ဦးတည်ကာ ထွက်လာသော စစ်တပ်စစ်ကြောင်းကို လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။ မေလ ၁ ရက်နေ့က ပခုက္ကူမြို့ တပ်မ ၁၀၁ နှင့်၎င်း၏လက်အောက်ခံ ခလရ ၂၅၄ တပ်ရင်းတို့ ပူး ပေါင်းထားသည့် စစ်တပ် စစ်ကြောင်းမှ အင်အားအလုံအရင်းဖြင့် မြိုင်မြို့နယ်သို့ ဦးတည်ကာ စစ် ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ရည်မှန်းချက်ပန်းတိုင်သို့ မရောက်ပဲ မေလ ၇ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ စစ်တပ်စစ်ကြောင်း ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာများအား နယ်မြေရှင်း လင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း ၈ လောင်း၊  စစ်ကောင်စီတပ်သား များ အကိုင်ဆောင် အသုံးပြုသည့် MA 1 အမျိုးအစား သေနတ် ၁ လက် ၊ ၎င်းကျည် ၅၀၀ ကျော် နှင့် အ ခြား ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မြိုင်မြို့ကို လာဖို့ စမ်းတာထင်တယ်။ စစ်မှုထမ်းကလူတွေအသုံးပြုပြီး အင်အားအများအပြားနဲ့ ထိုး လာတာပါ၊ နောက်ထပ်ခွေးသေထိခိုက်မှုသတင်းတော့ မကြားမိဘူး” ဟု မြိုင်ပကဖမှတာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပကဖ စုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူ ခရိုင်အမှတ် (၂/၆/၇/၁၄/၁၅/၁၇) တပ်ရင်း ၊‌ ကျောင်းသားတပ်မတော် (ABSDF) ၊ ကမ္မတပ် ပေါင်းစု ၊ 8+တပ်ပေါင်းစု၊အညာမြေတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊  PPDF ၊ PLC တပ်ပေါင်းစု ၊ Bo Brother တပ်ပေါင်းစု ၊   ဝံပုလွေပြောက်ကျားတပ်ဖွဲ ၊ Earthquake တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၆   ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေး နေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီး သေဆုံးသွားကြောင်း Phonex...