စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုရန် ကာကွယ်နိုင်ရန် မြိုင်မြို့နယ်နှင့်ရေစကြိုမြို့နယ်တို့ အတွင်းရှိ စာသင်ကျောင်းများ ယာယီပိတ်
သံလွင်မြန်မာသတင်း
မေလ ၁၄
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ရေစကြို မြို့နယ်တို့အတွင်းရှိ စာသင်ကျောင်း များအားလုံးကို ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြိုင်နှင့်ရေ စကြိုမြို့နယ် ပညာရေးဘုတ် အဖွဲ့တို့ထံမှ သိရသည်။
မေလ ၁၃ ရက်နေ့မှစ၍ မြိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားလုံး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှ ယာယီရှောင်ရှားနိုင်ရန် အတွက် မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ မြေပြင်ကျောင်းများအားလုံးကို ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လေကြောင်းအန္တရာယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်ဖို့ ပိတ်လိုက်တာပါ။ ဒီနေ့ ကပြီးပိတ်လိုက်ပါပြီ။ ဘယ်နေ့ပြန်ဖွင့်မယ်ကတော့ မရှိသေးပါဘူး။ ပြည်သူတွေအနေနဲ့ အသက်ထက် အရေးကြီးတာ မရှိဘူးမို့ ရာနှုန်းပြည့်မဟုတ်သော်လည်း ရာနှုန်းများစွာ အန္တရာကင်းဖို့အတွက် အ သက်ကို ဉာဏ်စောင့်ဆိုသလို လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့၊ လူစုလူဝေးတွေ မလုပ်ကြဖို့၊ ဗုံးခို ကျင်း၊ ကတုတ်ကျင်းတွေ တူးထားကြဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်” ဟု မြိုင်မြို့နယ် ပညာရေး ဘုတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သို့ ပြောကြားသည်။
မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမ ၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး သေဆုံးပြီး ၁၀၀ ဦး ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကျောင်းသား ၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ လေ ကြောင်း တိုက်ခိုက်မှု အန္တရယ် အား ယာယီရှောင်ရှားကာကွယ်နိုင်ရန်အတွက်၊ ရေစကြိုမြို့နယ် အတွင်းရှိ ပြည်သူ့အခြေပြု မြေပြင် ကျောင်းများ အားလုံး ယာယီပိတ်ရန် ညွှန်ကြား လိုက်ကြောင်း သိရသည်။
စာသင်ကြားရာနေရာအားလုံး လေကြောင်းရန်ကာကွယ်ရေး အစီအစဉ်များ ပြည့်စုံမှုရှိမရှိ၊ လေ ကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအလေ့အကျင့်၊ အလေ့အထများ ကောင်းစွာ လေ့ကျင့်နိုင်ခဲ့ခြင်းရှိမရှိစိစစ်ပြီး ဘေးကင်းလုံခြုံစိတ်ချရသော သင်ယူမှုဝန်းကျင်ရှိသည့်ကျောင်းများ ကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထပ်ဆင့် အသိပေးထားသည်။
Thanlwin Myanmar Media