Magway News

Magway News

ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁၃

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက် ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၉ ရက် နံနက် ၅ နာရီခန့်က ရေစကြိုမြို့နယ် ၊ ဆင်ချောင်းပျူရွာမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းတို့မှ စစ်ကောင်စီတပ်သား များသည် ဓားစာခံပြည်သူ ၅ ဦးနှင့်အတူ ဆန်းသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ ကြောင်း၊ ထို့ကြောင့်နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဆန်းသစ်ကျေးရွာမြောက်ဘက် တနေရာအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၂၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင် စီတပ်မှ အရာရှိတစ်ဦး အပါအဝင် ၂၇ ဦးသေဆုံးကာ ၃၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ ၏ DJI အမျိုးအစား ကင်းထောက်ဒရုန်း တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း၊ Southern YSO PDF မှ ရဲဘော်လပြည့်သည်လည်း စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရင်း တိုင်းပြည်အတွက် မြင့်မြတ် စွာ အသက်ပေးလှူသွားခဲ့ပြီး ကျန်ရဲဘော် ၁၀ ဦးခန့် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“တိုက်ပွဲက ၁ နာရီ မိနစ် ၂၀ လောက်ကြာတယ်၊ ၈ နာရီ မိနစ် ၅၀ လောက်မှာ ပြန်ဆုတ်လာခဲ့တာ။ ကိုယ့်ဘက်က ရဲဘော်တွေကလည်း ၁၀ ယောက်ထိတယ်၊ မစိုးရိမ်ရပါဘူး။ တစ်ယောက်ပဲ ကျတယ်။ ခွေးတွေဘက်ကလည်း အင်အားကများတယ်၊ RPG ဆိုလည်း လေးငါးလက်လောက်ပါတာ၊ လယ် ဗယ်ချင်းကတော့တူပါတယ်၊ ကျနော်တို့ကတော့ အသာစီးရတာတော့ ခွေးကတော့ အသေများတယ်၊ ပြီးတော့ ပခုက္ကူကနေ သံပြားကာကား  ၅ စီးလောက်လာတယ်၊ ပြီးတော့လူနာတွေနဲ့၊ အသေတွေကို တင်သွားတယ်။ အင်အား ၁၀၀ နီးပါးထွက်လာတဲ့စစ်ကြောင်းက တိုက်ပွဲဖြစ်တဲ့နေရာအနီးအနားမှာ ရှိတဲ့ကျောက်လှေကားဂိတ်ကို နေ့လည် ၁ နာရီလောက်မှာဝင်သွားတယ်။ အင်အားက ၃၀ ကျော်ဝင် သွားတာပေါ့၊ ကျန်တဲ့အင်အား ၆၀ လောက်ကပျောက်နေတာ။” ဟု Southern YSO PDF တပ်ဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

 

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အသာစီးရရှိကာ တိုက်ခိုက်နိုင်မှု ကြောင့် စစ်ကောင်စီတပ်က အငြိုးအတေးထားကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သဲတောကျေးရွာ ကို ပါရာမိုတာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူများ၏ အိုးအိမ်များ လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern Local တပ်ပေါင်းစု ၊ Southern YSO PDF ၊ Yesagyo Revolution Group (YRG) ၊ ဒေါင်းညီနောင် ၊ ပြည်သူ့အားမာန်PDF ၊ King Cobra ၊ ဒေါင်းစစ်သည် နှင့် BNRA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...