Magway News

Magway News

စလင်းမြို့နယ်တွင် အင်အား ၁၃၀ ကျော်ဖြင့် ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၃ လောင်းတွေ့ရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

မကွေးတိုင်း ၊ စလင်းမြို့နယ်တွင် အင်အား ၁၃၀ ကျော်ဖြင့် ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၃ လောင်းတွေ့ရှိခဲ့ကြောင်း စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

မေလ ၄ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ်နှင့် စလင်းမြို့နယ်အတွင်း အင်အား ၁၃ဝ ဝန်းကျင်ဖြင့် တစ်လကျော်ကြာခြေလျင်လှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တညောင်တိုက်နယ်၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းမအရောက် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာတိုက် ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြီး Y-12 လေယာဉ်ဖြင့် ၉ ကြိမ်တိတိ ဗုံးသီး ၄၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ကြောင်းမှာ ဆင်ဖြူကျွန်းတိုက်နယ်၊ နွယ်တမယ် ကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(စလင်း) ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မကွေး တိုင်းဒရုန်းလက်ရုံး၊ မကွေးတိုင်း ပကဖ လက်ရုံးတပ် နှင့် CGF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်း ၃ လောင်း တူးဖော်တွေ့ ရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဆင်ဖြူကျွန်းတိုက်နယ်၊ နွယ်တမယ်ကျေးရွာသို့ ရောက်ရှိသွားသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဆင်ဖြူကျွန်း-စလင်း လမ်းပိုင်းမှ မိုးဝန်း၊သရက်ချဉ်ကျေးရွာသို့ မေလ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ဆက်လက်စစ်ကြောင်းထိုးချီတက်လာရာ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ ရွာသာကုန်း၊ မကျီး ကုန်း မြစ်နားကျေးရွာများဘက်သို့ ထပ်မံစစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

 

မေလ ၉ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင် ယင်းအကြမ်းဖက်စစ်တပ် ရှေ့ကင်းပွိုင့်နှင့် စလင်းမြို့နယ် ပကဖ ရဲဘော်များ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း စလင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၆   ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေး နေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီး သေဆုံးသွားကြောင်း Phonex...