Magway News

Magway News

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦး ထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၆

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း  မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန် သည်။

 

မေလ ၄ ရက်နေ့က စလင်းမြို့နယ်မှ ကုက္ကိုတန်းရွာကို ဦးတည်၍ အင်အား ၁၃၀ ဝန်းကျင်ဖြင့် ချီ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၂၇ ဦး ထက်မနည်းသေဆုံးပြီး ၃၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ဗုံးသီး ၄၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်း၊ စလင်းမြို့နယ် ပကဖ ၊ CGF ၊ ဧရာဘီလူး အဖွဲ့နှင့် မကွေးတိုင်း တိုင်းလက်ရုံး ဒရုန်းအဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် စစ်စခန်းနှင့်စစ်ကြာင်းကို တိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ

မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် စစ်စခန်းနှင့်စစ်ကြာင်းကို တိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၃ ရက် ညနေ ၄ နာရီခန့်က မြင်းမူမြို့နယ်၊...