Magway News

Magway News

စလင်းမြို့အနောက်ဘက်အထွက်ရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၈ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၆

 

မကွေးတိုင်း ၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်၊ ဝက်သန်းကန်အနီးရှိ စစ်တပ်စခန်းကို ဝင် ရောက်တိုက်ခိုက် ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၅ နာရီ ၂၄ မိနစ်က စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန် အနီး ရှမ်းရွာကုန်း နှင့် ဆင်ကျူံး ကြား စစ်တပ် စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နေစဉ် ကံပြားရဲစခန်းဘက်မှ စစ်ကူအင်အားအများအပြားရောက်ရှိလာသဖြင့် တော် လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး စခန်းသိမ်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

 

“အင်အားက ၁၅ ဦးလောက်ပဲရှိတာ၊ စစ်ကူမြန်မြန်ရောက်လာလို့ စခန်းမသိမ်းလိုက်နိုင်တာ၊ စစ်ကူမ လာရင်တော့ သိမ်းနိုင်တယ်။ စစ်ရေးအရှိန်မြင့်နေတဲ့ ကာလဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ဒေသ တွင်း အဖွဲ့အစည်းတွေရဲ့ ကြေညာချက်တွေကို နားစွင့်ပြီး အလေးထားလိုက်နာပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်” ဟု မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျွန်ုပ်တို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နှင့် မင်းဘူးခရိုင်အမှတ် -၅ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည် ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...