Magway News

Magway News

ရေစကြိုမြို့နယ်၊ ဗာလဘကျေးရွာကို မီးရှို့ပြီး ပြန်လာသော စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအားမီးရှို့ပြီး ပြန်လာသော စစ်ကား ၄ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရေစကြိုပကဖထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က ရေစကြိုမြို့နယ် ဗလဘကျေးရွာရှိ ပြည်သူ့နေအိမ် များ ကို မီးရှို့၍ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ကား ၄ စီးကို ခလရ ၂၅၈ သို့ သွားရာလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားထိမှန်ကာ မိနစ်အနည်းငယ်အ ကြာရပ်တန့်သွားခဲ့ကြောင်း၊ ကားပေါ်ပါ စစ်သားများ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း သိရ သည်။

“သေဆုံးထိခိုက်မှုကတော့ ရှိနိုင်တယ်၊ အတိအကျတော့မသိရသေးဘူး။ ကားက ၄ စီး လုံး တောက်လျှောက်မောင်းပြေးသွားတဲ့အတွက်ပါ၊ ကားက ၄ စီးအလုံးနဲ့ဆိုတော့၊ အင်အားကတော့ ၁၅၀ ၊ ၂၀၀ လောက်တော့ပါနိုင်တယ်၊ ဗလဘကျေးရွာကို မီးရှို့ပြီး ခလရ ၂၅၈ တပ်ထဲကို ပြန်ပို့တဲ့ အချိန်မှာ မိုင်းဆွဲခဲ့တာ။ မိုင်းကတော့ ၃ လုံးဆွဲခဲ့တာ။ မိုင်းဆွဲတယ်၊ ကားက ခဏရပ်သွားတယ်။ ပြီး တော့တန်းမောင်းသွားတာ။ အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်ကို မီးရှို့ပြီး ပြန်လာတဲ့စခတွေကို ခွေး ကင်းပုန်းတွေကြားထဲကနေ မရမက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ နောက်နောင်လည်းဒီထက်ပိုတဲ့ လုပ် ငန်းစဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခဲ့သည့် မိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီမှ အသုံးပြုသော ဟောင်ဝှစ်ဇာ ကျည် ၁၂၀ မမ ၊ ၈၀ မမ စသည့် မပေါက်ကွဲသေးသော လက်နက်ကြီးများတွင် အသုံးပြုထားသော ပြင်းအား မြင့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက် ပွဲဖြစ်   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်-TNLAတို့...