Magway News

Magway News

မြိုင်မြို့မြောက်ဘက်၌ ဂိတ်ကင်းစောင့်နေသော စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက်၌ ဂိတ်ကင်းစောင့်နေသော စစ်သားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က မြိုင်မြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များ စားသောက်ရေးနှင့် အခြားသော အရာများ ရှုတ်ထွေးနေချိန် မြို့၏ မြောက်ဘက်၌ ဂိတ်၌ လုံခြုံရေးကင်းစောင့်နေသော စစ်သားများကို အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့ကမြို့ထဲမှာလည်း အဖွဲ့လိုက်ပဲနေရဲတော့တာပါ။ အခုက ဂိတ်မှာရှိတဲ့သူတွေကို ဝင်ပစ်ခဲ့တာ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးကိုင်ဆောင်သည့် MA-1 အမျိုး အ စား သေနတ် ၁ လက်၊ Carbine အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၂၃ တောင့်တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ မှ အညာတပ်ပေါင်းစု၊ ပွိုင့်တစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲ ၊ ပျူစောထီးများနှ့င် ဝေးဝေးနေ ထိုင်ပေးကြပါရန်နှင့် သတိဝီရိယထားကာ ရှောင်ကွင်းသွားလာကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေး၊ အင်မထီး ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်မှု စစ်သား ၅၀ ခန့် သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသော...