Magway News

Magway News

နတ်မောက်မြို့တောင်ဘက်အထွက်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၁

 

မကွေးတိုင်း၊ နတ်မောက်မြို့တောင်ဘက်အထွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း People’s Defense Organization – Natmauk ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၀ ရက် နံနက်အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်က နတ်မောက်မြို့ မြို့တောင်ဘက် အ ထွက်ရှိ စစ်သား၊ ရဲ၊ ပျူစောထီးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ရှေ့ထွက်ပြောင်းနဲ့ပစ်ခတ်ချိန်မှာ ၂ ယောက်ကတော့ လွင့်ပြီးနေရာတင်ပွဲခြင်းပြီးသေဆုံးတယ်။ စုစု ပေါင်း ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့တော့ ကြားထားပါတယ်။ မြို့အဝင်ဂိတ်ဖြစ်တဲ့အတွက် စစ်ကူလာရင် ၁၀ မိနစ်အတွင်း ရောက်နိုင်တာမို့ အချိန်အများကြီး မရရှိ ခဲ့ပါဘူး။ မြို့ထဲကနေ စစ်ကူ ထွက်လာလို့ ပြန်ဆုတ်ခဲ့ရတာပါ။ ဒီပွဲဟာ ကျနော်တို့ နတ်မောက်မှ ပြည်သူ့ရင်ခွင်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်းနဲ့စကစ တွေ ဟာ ကျနော်တို့ နေရာ ဒေသ အပါအဝင် ဘယ်နေရာဒေသကိုမှ ထိန်းချုပ် နိုင်စွမ်းမရှိတော့ပဲ နယ်မြေဒေသအသီးသီးကို တစတစနဲ့ လက်လွှတ်ရတော့မှာ ဖြစ်တယ်ဆိုတာကို အသိပေး မိတ်ဆက်အနေနဲ့ ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းစစ်ဆေးရေးဂိတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ဂိတ်ဖွင့်ကာ ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံခြင်း ၊ ပေါ်တာဆွဲခြင်း များကို အမြဲလုပ် ဆောင်လေ့ရှိကြောင်း၊ အင်အား ဆယ်ဂဏန်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီတာ ၅၀ အကွာအဝေးအထိချဉ်းကပ် ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နတ်​​​မောက်မြို့နယ် ပကဖအဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ People’s Defense Organization – Natmauk -နတ်မောက် ပကဖ အနေဖြင့် ပြည်သူ လူထုနှင့် အတူ လက်တွဲညီညီချီတက်ကာ နတ်မောက်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ဆည်လေးတောရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခံတစ်ခြံကို စစ်တပ်မီးရှို့ဖျက်ဆီး၊ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆည်လေးတောကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ...