Magway News

Magway News

မြိုင်မြို့နယ်တွင် ရိက္ခာရှာရန် ထွက်လာသည့် စစ်သားများကို တိုက်ခိုက်မှုစစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မြိုင်မြို့နယ်၊ စက်မှု ၂ ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက် စစ်သား ၁၀ ဦးခန့်သည် ရိက္ခာရှာဖွေရန် အထွက် ကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး MA 3 အမျိုးအစား သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး နှင့် အခြားခဲယမ်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည် ။

“၁၀ ယောက်လောက်ပဲ၊ ရိက္ခာရှာထွက်လာတာပါ။ ပစ်ခတ်မှုဖြစ်ပြီးတော့ ၁ ယောက်သေပြီး ကျန်ခဲ့ တာ ပါ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ကိုမုဆိုး ၊ ကိုစတီး နှင့် ကိုကင်း တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေး၊ အင်မထီး ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းအား ခုခံတိုက်ခိုက်မှု စစ်သား ၅၀ ခန့် သေဆုံး   သံလွင်မြန်မာသတင်း ဩဂုတ်လ ၂   စစ်ကိုင်းတိုင်း၊ ကန့်ဒေါင့် ရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ရရှိသည်ဆိုသော...