Magway News

Magway News

စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်ကြောင်းဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပြည် သူ့နေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက် ပွဲဖြစ်ပြီး စစ်တပ်က တောင်ဘိုရွာရှိ ပြည်သူ့နေအိမ် ၂၁ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗမာ့တပ်တော် ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်ကပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ အင်အား ၇၀ ကျော် ပါ စစ်ကောင်စီစစ်ကြောင်းသည် နယ်တမယ်၊ နတ်စင်ကျေးရွာတို့ဘက်မှ တဆင့် စလင်းမြို့နယ်၊ တောင်ဘိုကျေးရွာဘက်ကို ဝင်ရောက်လာသဖြင့် ဒေါင်းစစ်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဗမာ့တပ်တော်အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက တောင်ဘိုကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ ဖျက်ဆီးကာ ပြန်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဝင်လာတော့ ဒေါင်းစစ်အောင်နဲ့ အရင်ဆုံးထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီးကာမှ တောင် ဘို ရွာထဲကို ပစ်ပြီးတော့ ဝင်လာတာ။ အဲဒါကြောင့် ကျနော်တို့လည်း ပူးပေါင်းပြီးတော့ လက်နက် ကြီး နဲ့ ပစ်ကူပေးတယ်။ အဲဒီလိုပစ်တဲ့အချိန်မှာ သူတို့က ရွာကို မီးရှို့ပြီးတော့ ပြန်ထွက်သွားတာ။ အကုန်လုံး တော့မဟုတ်ပါဘူး။ ရွာလုံးကျွတ်တော့မဟုတ်ဘူး။ ဟိုနေရာရှို့၊ ဒီနေရာရှို့ ရှို့သွားတာ။ တိုက်ပွဲမှာ တော့ ခွေးသေထိခိုက်မှုမသိရသေးဘူး။ ကျနော်တို့ဘက်ကလည်း တာဝေးပစ်နဲ့လှမ်း ပြီးတော့ ပစ်တာ ဆိုတော့၊ သူတို့ကလည်း ထပ်ပြီးတော့ မဝင်ပဲနဲ့ သူတို့ရောက်တဲ့ နေရာမှာပဲ မီးရှို့ပြီး ပြန်ထွက်သွားကြ တာ” ဟု ဗမာ့တေပ်တော် ၊အမှတ် ၃ စစ်ဦးစီးကွက်ကဲရေးရုံး၊ ကွက်ကဲရေးမှူး က ပြောကြားသည်။

 

စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်မှုကြောင့် တောင်ဘို ကျေးရွာနေ အမျိုးသား ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၂၁ လုံး မီးလောင် ဆုံးရှုံးခဲ့ ကြောင်း၊ ထို့အပြင် စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တောင်ဘိုကျေးရွာ ဆားတော ကျေးရွာ၊ ညောင်ကုန်းရွာ စသည့်ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ယခုအချိန်အထိ အကြမ်းဖက်စစ်ကြောင်းသည် နယ်တမယ်ကျေးရွာတွင် ရောက်ရှိတပ်စွဲ နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၃...