Magway News

Magway News

ပခုက္ကူ – ရေစကြိုလမ်းပေါ်တွင် စစ်ကောင်စီပိုင် စားအုံးဆီပေပါ ၅၀ ပါ ကားတစ်စီးကို ဖမ်းမိ၊ သယ် ဆောင်လာသူ ကားသမားနှင့် ကားစပါယ်ယာကို ပြန်လွှတ်ပေး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ ပခုက္ကူ -ရေစကြိုလမ်းမပေါ်တွင် စစ်ကောင်စီပိုင် စားအုံးဆီပေပါ အ လုံး ၅၀ ပါ ကား ၁ စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ ထံက သိရသည်။

 

ဧပြီလ ၁ ရက် ညနေ ၄ နာရီက ပခုက္ကူ – ရေစကြို လမ်းမပေါ် တစ်နေရာမှာ စစ်ကောင်စီ ပိုင် ခွဲတမ်း ဆီ (စားအုံးဆီ) တင်ဆောင်လာသော စားအုံးဆီ ပေပါ အလုံး ၅၀ (ပိဿချိန် ၅၅၀၀) ပါ ကား ၁ စီးကို ဖမ်းဆီးရရှိခဲ့ကြေင်း၊ ဖမ်းဆီးရရှိသည့် ကားပေါ်ပါ ဆီ ပေပါ ၅၀ လုံးနှင့် ၆ ဘီးကားကို တော်လှန်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းသွားမှာဖြစ်ပြီး ကားဒရိုင်ဘာနှင့် ကား စပယ်ယာ ကို ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ကားပေါ်မှာ စခတွေမပါဘူး။ ကားပေါ်မှာက ကားဒရိုင်ဘာနဲ့ စပယ်ယာ ၂ ယောက်ပဲပါတာ။ သူတို့ ကိုတော့ ပြန်လွှတ်မှာ၊ အခုပဲပြင်ဆင်နေပါပြီ။ သိမ်းဆည်းရရှိတဲ့ကားနဲ့ ဆီတွေကိုတော့ တော်လှန် ရေး အတွက်ပြန်လည်အသုံးပြုသွားမှာပါ။ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေထဲမှာ ပြည်သူပိုင်ပစ္စည်းတွေ ပါခဲ့ရင် ဆက်သွယ်လို့ရပါတယ်။ အခုဆီတွေက သမဆီပါ၊ စစ်တပ်မိသားစုဝင်တွေနဲ့ စစ်သားတွေ အတွက် သယ်ပေးနေတာ၊ ကျနော်တို့က အကုန်စုံစမ်းပြီးပါပြီ” ဟု Southern YSO PDF တပ်ဖွဲ့ တာဝန်ခံကို အောင်မောင်းက ပြောကြားသည်။

 

ယင်းကားသည် ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ စစ်ကောင်စီအတွက် ဆီ၊ ဆန်များကို အမြဲသယ်ဆောင် ပေးနေသည့် ကားဖြစ်ပြီး ဖမ်းဆီးရရှိနိုင်ရန် အချိန် ၂ လခန့် စုံစမ်းထောက်ကာ ဖမ်းဆီးခဲ့ရခြင်းဖြစ် ကြောင်း စစ်ကောင်စီက ရေစကြိုမြို့နယ်တွင် ဆီရောင်းချခွင့်၊ သယ်ယူခွင့်များ ပိတ်ပင်ကာ ဈေး ကွက် တစ်ခု လုံးကို ချုပ်ကိုင်ထား၍ သက်သာချောင်ချိရေးခေါင်းစဉ်ဖြင့် စားဆီဝယ်ယူခွင့်ကဒ်များ ထုတ်ပေးကြောင်း၊ ပြည်သူအချို့ကို တစ်အိမ်လျှင် တစ်ပိဿနှုန်းဖြင့် ရောင်းချပေးကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

မိုင်းငေါ့မြို့ရဲစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး ပြီး ၂ ဦးဒဏ်ရာရ ၊ နေအိမ် ၈ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော မိုင်းငေါ့မြို့ ရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက...