Magway News

Magway News

မကွေးမြို့အခြေစိုက်၊ ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့အခြေစိုက် စစ်လေ့ကျင့်ရေး ၇ သင်တန်း ကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး

 

D Day News

ဧပြီလ ၉

 

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် ရဲတပ်ရင်း ၂၅ နှင့် တောင်တွင်းကြီးမြို့အခြေစိုက် အမှတ် ၇ စစ် လေ့ကျင့်ရေး သင်တန်းကျောင်းတို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SMPDF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၇ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က မကွေးမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၂၅ ကို ပြည်သူ့ကာကွယ်ရေး ပူပေါင်း တပ်ဖွဲ့များမှ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

“ပစ်မှတ်ထိတယ်၊ အသေအပျောက်များတယ်လို့ ကနဦးသတင်းရထားပါတယ်၊ အတိအကျသိရဖို့ စုံစမ်းနေတုန်းပါ။ တောင်တွင်းကြီး အမှတ် ၇ စစ်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့အချိန်က နေရာမှာပဲ ၁၅ ဦးသေတယ်၊ ဒီလ ၂ ရက်နေ့မှာ ၁ ဦးထပ်သေတယ်၊ အားလုံးပေါင်း ၁၆ ဦးသေပါတယ်” ဟု မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -SMPDF တာဝန်ခံက ပြော ကြားသည်။

 

အလားတူ ပြီးခဲ့သည့် မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်က တောင်တွင်းကြီးမြို့အခြေစိုက် စစ်လေ့ ကျင့်ရေး သင် တန်း ကျောင်း အမှတ် ၇ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ် သားများအနက် အကြမ်းဖက်စစ်သား တစ်ဦးမှာ ယခုဧပြီလ ၂ ရက်နေ့က ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မကွေးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)၊ မကွေးပျောက် ကြားတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပျောက်ကြားတပ်ဖွဲ့ (နတ်မောက်)၊ မကွေးခရိုင် တပ်ရင်း ၂ ၊ အထက်မင်း လှပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ယော ကာကွယ်ရေးတပ် (YDF) နှင့် Key of Revolution United States of Burma Army (USBA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး မကွေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက်နေရာများ၊ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးများ၊ ပျူစောထီးသင်တန်းတက်နေသူများနှင့် ပျူစောထီးသင်တန်းတက်ရန်အတင်း အဓမ္မ စာရင်းကောက်ခံနေသူများကို ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ KNU ဆောထိမြို့နယ်နှင့် ကစယ်ဒိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂...