Magway News

Magway News

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စခန်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံး ၊ စစ်တပ်စခန်းကထွက်ပြေး လာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၁၈

 

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနှင့် မြစ်သာဆည်ပေါ်တွင် တပ်စွဲ ထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

မတ်လ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ဂန့်ဂေါမြို့နယ် ၊ မြောက်ခရမ်းကျေးရွာရှိ ပျူစောထီးစခန်း ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

အလားတူ မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဂန့်ဂေါမြို့နယ် ၊ မြစ်သာဆည်ပေါ်တွင် တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးအမြောက်အများ ကျဲချတိုက်ခိုက်ခဲ့ရာ စခန်းမှူး ၁ ဦး ၊ စစ်သား ၁ ဦး နှင့် ပျူစောထီး ၄ ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် မတ် ၁၆ ရက်နေ့ကလည်း ဂန့်ဂေါမြိုနယ် မြစ်သာဆည်ပေါ်တွင် တပ်စွဲထားသော စစ်သား ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်လာခဲ့သဖြင့် ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ MA -11 အမျိုး အ စား သေနတ် ၁ လက်နှင့် ကျည်အနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ဗုံးသီးကတော့ များတယ်၊ ကျဲနေတာကြာပြီ။ မြစ်သာမြစ်ပေါ်မှာက စခတွေ တပ်စွဲထားတာ၊ ဖမ်းမိ တဲ့နှစ်ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားပါတယ်၊” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖနှင့် ပေါက်/ မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

မတ်လ ၁၇ ရက်‌ နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က မြစ်သာဆည်အနီးရှိ ကျေးရွာများကို ဂျက် ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...