Magway News

Magway News

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် မြိုင်မြို့နယ် ၊ တွင်းမပျူရွာစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် မြိုင်မြို့နယ်၊ တွင်းမပျူရွာ အထိုင်စခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူရွာစစ်တပ်စခန်း ကို Rocket လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၇ လုံးမှာ စစ်များနေ ထိုင်ရာ အဆောက်အအုံပေါ်နှင့် ကားကင်းစခန်းတို့တွင် ကျရောက်ပေါက်ကွဲပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း ၊ စစ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

အလားတူ မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ တွင်းမပျူရွာစစ်တပ်အထိုင်စခန်းကို Rc plane လေယာဉ် ၃ စီးဖြင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေ အတွက် အတိအကျ သိရှိခြင်းမရှိသေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နယ်ခံ ပကဖ များ ၊ မြိုင်ပကဖ ၊ ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) ကိုဆုံကြီး အဖွဲ့ ၊ PLC ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု ၊Black Cobra Force Pakokku နှင့် ကမ္မတပ်ပေါင်းစု တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦးထက် မနည်းသေ ဆုံးပြီး ၂၂ ဦးကို လက်နက် ၂၈ လက်နှင့်အတူ ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၇...