Magway News

Magway News

အောင်လံမြို့နယ်သမ္ဘူလကျေးရွာအနီး ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၅

 

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာအနီး ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၉ဝ၂ တပ်ရင်း ထံမှ သိရသည်။

 

မတ်လ ၁၃ ရက် ည ၈ နာရီ မိနစ် ၄၀ မိနစ်က အောင်လံမြို့အခြေစိုက် ၊ ကပစ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်သည် သမ္ဘူလတိုက်နယ်အတွင်းသို့ ခြေလျင်ကင်းပတ်ထွက်လာခဲ့ရာ ဖောင် ရိုး – အင်းကြီး -ကျွဲခေါင်းကျေးရွာလမ်းဆုံအရောက် ၉ နာရီ ၄ မိနစ် အချိန်မှ စ၍ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်သား ၃ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရ ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကပစ ၁၅ မှ စစ်ကူများ ထပ်မံရောက်ရှိလာသဖြင့် ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာမှ ၅.၅၆ ကျည် ၅၂ တောင့်၊ MA2 ကျည်ဘောက် ၁ ဘောက်နှင့် ဦးထုပ် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း (၉ဝ၂) ၊ နေပြည်တော်တပ်ရင်း (၈ဝ၄) ၊ သရက်ခရိုင် အ မှတ် (၁) တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

တောင်ဒဂုံမြို့နယ်၊ မောင်မကန်လမ်းပေါ်ရှိ ဧရာဝဏ်ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မောင်းမကန်လမ်းပေါ်ရှိ ဧရာဝဏ်ရဲကင်းစခန်းကို လက် ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး ၂...