Magway News

Magway News

မြိုင်မြို့တွင် PDF တပ်ဖွဲ့၏ လက်ချက်ဖြင့် ပျက်စီးသွားသော ဘန်ကာအား ပြန်ဆောက်ရန်လာသည့် စစ်သားများကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦး၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်တွင် PDF တပ်ဖွဲ့၏ လက်ချက်ဖြင့် ပျက်စီးသွားသော ဘန်ကာ ကို ပြန်ဆောက်ရန် လာသည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲ ချင်းပြီး သေဆုံးသွားကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မြိုင်မြို့အထွက် မြိုင်-ရေစကြိုလမ်းမပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် ပျက်စီးသွားသော ၃ ထပ်တိုက်ဘန်ကာအား ပြုပြင်ရန် မြိုင်မြို့ဆေးရုံအတွင်းမှ ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်မှုသည် အကြမ်းဖက်စစ်သားများ ပြုပြင်မည့် ဘန်ကာနှင့် မီတာ ၁၀၀ ခန့် အကွာနေရာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ပြန်ပစ်နိုင်ခြင်းမရှိအောင် ပိတ်ဆို့ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မြို့တွင်းရှိ အကြမ်းဖက်စစ်သားများက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးပစ်ကူအများအပြား အသုံးပြုကာ သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်း ကို ကောက်ယူသွားကြောင်း သိရသည်။

 

မြိုင်ပကဖအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များဘေးကင်းပြီး အောင်ပွဲရရှိ စေရန် မှန်ကန်သော သတင်းပေးပို့၍ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ၄ ရက် ဆက်တိုက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင်ကြောင်း ဘာမထီလက် နက်ကြီးပြောက်ကျားတပ်ဖွဲ့ -မြိုင်ထံမှ သိရသည်။

 

စက်တင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပခုက္ကူမြို့နယ်၊ အောင်သာရွာပျူစခန်းကို ဒရုန်း စစ် ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦးဒဏ်ရာရခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာအပြင်းအထန် ဖြင့် သေ ဆုံးနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ BLY အဖွဲ့ ၊ ဧရာဒေါင်း အဖွဲ့၊ GOE ဒရုန်းတပ်ဖွဲ့ နှင့် ဘာမထီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ မြို့နယ်ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံးများ ဖြင့် ဖောက်ခွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီးရှိ ထွေအုပ်ရုံးနှင့် ယာဉ်ထိန်းရဲရုံးတို့ကို လက်ပစ်ဗုံး များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊...