Magway News

Magway News

စလင်းမြို့နယ်၊ ဆုတ်လေဦး စစ်တပ်စစ်ဆေးရေးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား၊ ပျူ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၅

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ ဆုတ်လေဦးစစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၊ ပျူစောထီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ ဆုတ်လေဦး စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မွန်းတည့် ၁၂ နာရီလောက်ကချခဲ့တာ၊ အင်အားကတော့ ၃၀ လောက်ရှိမယ်။ ဒရုန်းနဲ့ပဲ ချခဲ့ တာ၊ ဝင်တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ ၃ ခေါက် ဗုံးသီး ၆ လုံးပေါ့၊ ၂ ဦးသေတာပဲ အတည်ပြုနိုင် တယ်။ နောက်ဆက်တွဲသတင်းတော့ မကြားမိသေးဘူး” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာ ဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့ နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...