Magway News

Magway News

မြိုင်မြို့အစောင့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

စက်တင်ဘာလ ၁၂

 

မကွေးတိုင်း၊ မြိုင်မြို့အစောင့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

စက်တင်ဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က မြိုင်မြို့အထွက် မြိုင်-ရေစကြိုလမ်းပေါ်ရှိ မြို့ စောင့် တပ်ဂိတ်စခန်းတစ်ခုဖြစ်သော RC ၃ ထပ်တိုက်နှင့် ဘန်ကာတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ထပ်တိုက် အပေါ်ဆုံးထပ် ထိမှန်ပွင့် ထွက်သွားပြီး အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့မှ 10 kg ရှိ အားပြင်းဆုံး အီနာဂါ ဒရုန်း ဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာအတွင်း ထဲသို့ တည့်တည့် ကျ ရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ဘန်ကာလည်း ပျက်စီးသွားကြောင်း သိရ သည်။

 

ထိုနောက် မြိုင်မြို့ရဲစခန်းအတွင်းနှင့် ဆေးရုံစောင့်အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့် တပ်ကူ ထွက်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ‌ အောင်မြင်စွာ ပြန် လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ၊ မြိုင်ပကဖ Done တပ်ရင်း၊ လက် နက်ကြီး တပ်ရင်း၊ 8+အညာမြေအင်အားစုစစ်ဆင်ရေး၊ စနေမင်း ၊ Pku Underground Force ၊ Burma Revolalution Ranger နှင့် ဗိုလ်မိုက်ခဲအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...