Magway News

Magway News

မကွေးမြို့နယ်တွင် လူငယ်များကို အတင်းအဓမ္မစစ်ထဲထည့်သွင်းနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၄

 

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် လူငယ်များကို အတင်းအဓမ္မစစ်တပ်အတွင်း ထည့်သွင်းနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပင်သေဆုံးသွား ကြောင်း Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က မကွေးမြို့နယ်၊ ညောင်ကန် တိုက်နယ်၊ သရက်တောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ နေအိမ် အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

“ဖုန်းတစ်လုံးတော့ သိမ်းဆည်းရရှိခဲ့တယ်။ သေသွားတဲ့အလောင်းကို မကွေးကိုသယ်သွားပါတယ်” ဟု Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ စစ်ဆင်ရေးကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ ဒေါင်း စစ်သည် ပြောက်ကျားတပ်(နတ်မောက်)နှင့် Taungdwingyi Fighter Force (LPDF) တို့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ သက်ရင်းတောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် သည် စစ်ကောင်စီအလိုကျ စစ်မှုထမ်း ကြေးများ အတင်း အဓမ္မကောက်ခံခြင်း၊ စစ်မှုထမ်းရန်မဲပေါက်သည့် လူငယ်လူရွယ်များကို ထွေအုပ် ဝန်ထမ်းတချို့နှင့် ပူးပေါင်းကာ လူစားထိုးပေါင်စားခြင်း၊ ခက်ခဲကြပ်တည်းနေချိန် ပြည်သူကိုမျက်နှာ မမူပဲ စစ်အုပ်ချုပ်ရေး စေခိုင်းတာမှန်သမျှ လုပ်ဆောင်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေါက်တိုင်များ၊ ထွေအုပ် ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကို ဒုက္ခမပေးပဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ပေး ကြရန် တောင်းဆိုထားသည်။

 

ပြည်သူလူထုကို ဆက်လက်ဒုက္ခပေးနေမည်ဆိုပါက တွေ့ရာနေရာတွင် ပြောက်ကျားညီ နောင် မဟာ မိတ် တပ်ဖွဲ့ဝင်တို့နှင့်ပူးပေါင်းကာ ဖက်ဆစ်အာဏာရှင်စနစ်ကျဆုံးသည်အထိတိုက်ခိုက်ချေမှုန်း ပစ် ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိ ရာနေရာများနှင့် ခပ်ဝေးဝေးနေပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄...