Magway News

Magway News

ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူမှ ထွက်လာသော စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

 

D Day News

စက်တင်ဘာလ ၁၀

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို ဘက်စုံကွေ့အနီးအရောက် အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်လဲကျသေဆုံးပြီး ကျန်စစ် ကောင်စီတပ်သားများမှာ မြို့မရဲစခန်းအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

“ရေစကြိုမြို့အဝင်လေးမှာ စောင့်ပစ်တာ၊ နှစ်ဦးကတော့ နေရာတင်မှောက်သွားတယ်။ ကျန်တဲ့သူ တွေက စခန်းထဲပြန်ပြေးဝင်သွားကြတာ၊ ပြီးမှ အဲဒီလဲကျသွားတဲ့ ၂ ဦးကို ပြန်လည်သယ်သွားတာ” ဟု ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ရေစကြိုမြို့နယ်၊ ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၉ ရက် ညနေ ၃ နာရီအချိန်တွင် ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင် စီ၏ ကား ၃ စီးကို ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြား အရောက် ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များက ပေပါမိုင်းများဖြင့် အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန် ပျက်စီး သွားပြီး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ပခုက္ကူကနေ ရေစကြိုကိုတက်လာတာ။ ပခုက္ကူ-ရေစကြိုလမ်းမအတိုင်းပဲ၊ ရှေ့ဆုံးကတက်လာတဲ့ ကားကို မိုင်းဆွဲလိုက်တာ၊ ကားပေါ်ပါတဲ့ ၃ ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရတယ်။ မိုင်းဆွဲခံရပြီး ကားပေါ်ကနေ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်ပြီး ရေစကြို ခလရ ၂၅၈ တပ်ထဲ ကို အတင်းမောင်းဝင်ပြေးသွားတာ၊ မိုင်းဆွဲတဲ့နေရာကလည်း တပ်နဲ့နီးတဲ့နေရာမှာပဲဆိုတော့” ဟု ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ရေစကြို ပကဖ တပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး အကြမ်းဖက်စစ်ကောင်စီ တပ် ဖွဲ့က ရမ်းသမ်းပစ်ခတ်သော ၄၀ မမ ကျည်စ ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...